အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 March, 2015

ဘာသာသာသနာညှိုးနွမ်းစေမှု၊ ဒေသန္တရအမိန့် ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲခံထားရသော VGastro.Bar ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာတို့အား ပြင်းထန်သော အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်

'ဘာသာသာသနာညှိုးနွမ်းစေမှု၊ ဒေသန္တရအမိန့် ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲခံထားရသော VGastro.Bar ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာတို့အား ပြင်းထန်သော အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်
Wednesday, March 18, 2015

တစ်ပါးသူကိုးကွယ်သော ဘာသာ၊ သာသနာအား ညှိုးနွမ်းစေမှု ပုဒ်မ-၂၉၅/ ၂၉၅(က)နှင့် ဒေသန္တရအမိန့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုခံထားရသော VGastro.bar ဆိုင်ရှင်အပါအဝင် သုံးဦးအား မတ် ၁၇ ရက် နံနက်ပိုင်းတွင် ဗဟန်းတရားရုံးက အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။
 
အဆိုပါနေ့တွင် ဗဟန်းမြို့နယ်တရားသူကြီးက ပုဒ်မ ၂၉၅ (က)ဖြင့် VGastro.bar ဆိုင်ရှင် ကိုထွန်းသူရိန်၊ ဆိုင်မန်နေဂျာ ကိုထွန်းကိုကိုလွင်နှင့် ဆိုင်အထွေထွေမန်နေဂျာဖြစ်သူ နယူးဇီလန်နိုင်ငံသား မစ္စတာဖိလစ်တို့အား အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် အသီးသီးကျစေရန် အမိန့်ချမှတ်ခဲ့ပြီး ဒေသန္တရအမိန့်ဖြစ်သော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ ဖောက်ဖျက်မှုတို့ဖြင့်လည်း ၎င်းတို့သုံးဦးအား အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
 
တရားသူကြီး အမိန့်ချမှတ်ရာ၌ ပါဝင်ခဲ့သည့် အကြောင်းအရာအကျဉ်းချုံးမှာ  ဗုဒ္ဓရုပ်ပွားတော်ပုံအား နားကြပ်တပ်ထားသည့်ပုံကို စားသောက်ဆိုင်ဘားတွင် ထားရှိခြင်းသည် သူတပါးကိုးကွယ်သော ဘာသာ သာသနာရေးစိတ်အား နာကြည်းစေကြောင်း၊ ယင်းသို့ အပြုအမူများအတွက် တောင်းပန်မှုများရှိသော်လည်း ပြုလုပ်ပြီးမှ တောင်းပန်ခြင်းဖြစ်ကြောင်း၊ မစ္စတာဖိလစ်မှ နိုင်ငံ၏ ဘာသာ၊ သာသနာ ယဉ်ကျေးမှုထုံးတမ်းများကို မသိဟုဆိုခဲ့သော်လည်း ကျူးလွန်ပြီးဖြစ်၍ ခွင့်လွှတ်၍ မရကြောင်း၊ မိမိတို့ဆိုင်သို့ အလုပ်လာရောက်လုပ်ကိုင်သော နိုင်ငံခြားသားတစ်ဦးအား မိမိတို့တိုင်းပြည် ဘာသာရေးဓလေ့ထုံးတမ်းများ၊ ဥပဒေအရ ဆောင်ရန်ရှောင်ရန် အချက်အလက်များအား ဆိုင်တွင် တာဝန်ရှိသူအသီးသီးက  ကြိုတင်အသိပေးထားသင့်ကြောင်း  ထိုသို့သော အရေးပါသည့် အကြောင်းရင်းများအား တာဝန်ရှိသူများက ပြောကြားခဲ့ခြင်းမရှိ၍ ယခုကဲ့သို့ မလိုလားအပ်သည့်ကိစ္စများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ယင်းပြစ်ဒဏ်အတွက် အယူခံဝင်နိုင်ကာ ချုပ်ရက်များအား ထုတ်နုတ်ခံစားခွင့်ရှိကြောင်း ပြောကြားသည်။
 
တရားရုံးသို့ သံဃာတော်အချို့၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့အချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများလည်း လာရောက်ခဲ့ကာ တရားရုံးမှ အမိန့်ချမှတ်ပြီးသည့်အချိန်တွင် ဆိုင်မန်နေဂျာ ကိုထွန်းကိုကိုလွင်၏ မိခင်ဖြစ်သူနှင့် သံဃာတော်တစ်ပါးတို့ စကားအချေအတင် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။
 
“တရားမျှတမှု မရှိဘူး။ တရားရုံးတော်ဆိုတာ တရားမျှတမှုကို လုပ်ပေးရမယ့်နေရာလေ။ အဖြူအမည်း သဲကွဲနေတာတောင်မှ အခုလို အမိန့်ချလိုက်တော့ အစ်မလည်း ဘယ်လိုပြောရမလဲ မသိဘူး။ ဒီအမှုနှင့်ပတ်သက်ပြီး ဥပမာတစ်ခုပြောရရင် တက္ကစီမောင်းတဲ့သူ ယာဉ်တိုက်မှုဖြစ်လို့ အရေးယူခံရရင် တက္ကစီထောင်တဲ့သူကို အရေးယူမှာလား။ အယူခံဝင်ဖို့လည်း ရှေ့နေတွေနဲ့ တိုင်ပင်သွားမှာပါ။ အခုလို မလုပ်တဲ့သူနှစ်ဦးကို တရားစွဲပြီး အမိန့်ချမှတ်ခံမှုကို ရှုတ်ချပါတယ်”ဟု ဆိုင်ရှင် ကိုထွန်းသူရိန်၏ ဇနီး မမြနန္ဒာက မီဒီယာများအား ပြောကြားခဲ့သည်။
 
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ဝ ရက် ညနေပိုင်း က VGastro.Bar, Buddha Bar ဟုရေးသားထားသည့် ပွဲဒီဇိုင်းကြော်ငြာမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက VGastro.Bar သို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ဆိုင်ပိုင်ရှင် ထွန်းသူရိန် ၊မန်နေဂျာ ထွန်းကိုကိုလွင်နှင့် အထွေထွေမန်နေဂျာဖြစ်သူ နယူးဇီလန်နိုင်ငံသား ဖိလစ်တို့ အား ဖမ်းဆီးအမှုဖွင့်ခဲ့၍ ဗဟန်းမြို့နယ် လ. ဝ.က ဦးစီးမှူး /သာသနာရေးဦးစီးမှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
 
အလားတူ ပုဒ်မဖြင့် သရုပ်ဆောင် ရဲတိုက်မှာလည်း ၂ဝ၁၃ ခုနှစ် မေလအတွင်းက ဗိုလ်တထောင်မြို့နယ် စိန့်မေရီခရစ်ယာန် ဘုရားကျောင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခြင်း၊ ဘုရားကျောင်း တာဝန်ရှိသူများနှင့် ပြဿနာဖြစ်ပွားခဲ့ခြင်းတို့ကြောင့် ပုဒ်မ-၂၉၅/၂၉၅ (က) ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဗိုလ်တထောင်တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ 
 
လူတစ်စားကိုးကွယ်သည့် ဘာသာသာသနာစော်ကားမှု ပုဒ်မ၂၉၅ /၂၉၅-ကသည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်နှစ်နှစ် ချမှတ်နိုင်ကြောင်း သိရသည်။

တရားစွဲဆိုခံထားရသော VGastro.Bar ဆိုင်ရှင်အပါဝင် သုံးဦး မတ် ၁၇ ရက် နံနက်ပိုင်းက ဗဟန်းတရားရုံးသို့ လာရောက်စဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Eleven Media Group'
တစ်ပါးသူကိုးကွယ်သော ဘာသာ၊ သာသနာအား ညှိုးနွမ်းစေမှု ပုဒ်မ-၂၉၅/ ၂၉၅(က)နှင့် ဒေသန္တရအမိန့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုခံထားရသော VGastro.bar ဆိုင်ရှင်အပါအဝင် သုံးဦးအား မတ် ၁၇ ရက် နံနက်ပိုင်းတွင် ဗဟန်းတရားရုံးက အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။
အဆိုပါနေ့တွင် ဗဟန်းမြို့နယ်တရားသူကြီးက ပုဒ်မ ၂၉၅ (က)ဖြင့် VGastro.bar ဆိုင်ရှင် ကိုထွန်းသူရိန်၊ ဆိုင်မန်နေဂျာ ကိုထွန်းကိုကိုလွင်နှင့် ဆိုင်အထွေထွေမန်နေဂျာဖြစ်သူ နယူးဇီလန်နိုင်ငံသား
မစ္စတာဖိလစ်တို့အား အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် အသီးသီးကျစေရန် အမိန့်ချမှတ်ခဲ့ပြီး ဒေသန္တရအမိန့်ဖြစ်သော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ ဖောက်ဖျက်မှုတို့ဖြင့်လည်း ၎င်းတို့သုံးဦးအား အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
တရားသူကြီး အမိန့်ချမှတ်ရာ၌ ပါဝင်ခဲ့သည့် အကြောင်းအရာအကျဉ်းချုံးမှာ ဗုဒ္ဓရုပ်ပွားတော်ပုံအား နားကြပ်တပ်ထားသည့်ပုံကို စားသောက်ဆိုင်ဘားတွင် ထားရှိခြင်းသည် သူတပါးကိုးကွယ်သော ဘာသာ သာသနာရေးစိတ်အား နာကြည်းစေကြောင်း၊ ယင်းသို့ အပြုအမူများအတွက် တောင်းပန်မှုများရှိသော်လည်း ပြုလုပ်ပြီးမှ တောင်းပန်ခြင်းဖြစ်ကြောင်း၊ မစ္စတာဖိလစ်မှ နိုင်ငံ၏ ဘာသာ၊ သာသနာ ယဉ်ကျေးမှုထုံးတမ်းများကို မသိဟုဆိုခဲ့သော်လည်း ကျူးလွန်ပြီးဖြစ်၍ ခွင့်လွှတ်၍ မရကြောင်း၊ မိမိတို့ဆိုင်သို့ အလုပ်လာရောက်လုပ်ကိုင်သော နိုင်ငံခြားသားတစ်ဦးအား မိမိတို့တိုင်းပြည် ဘာသာရေးဓလေ့ထုံးတမ်းများ၊ ဥပဒေအရ ဆောင်ရန်ရှောင်ရန် အချက်အလက်များအား ဆိုင်တွင် တာဝန်ရှိသူအသီးသီးက ကြိုတင်အသိပေးထားသင့်ကြောင်း ထိုသို့သော အရေးပါသည့် အကြောင်းရင်းများအား တာဝန်ရှိသူများက ပြောကြားခဲ့ခြင်းမရှိ၍ ယခုကဲ့သို့ မလိုလားအပ်သည့်ကိစ္စများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ယင်းပြစ်ဒဏ်အတွက် အယူခံဝင်နိုင်ကာ ချုပ်ရက်များအား ထုတ်နုတ်ခံစားခွင့်ရှိကြောင်း ပြောကြားသည်။
တရားရုံးသို့ သံဃာတော်အချို့၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့အချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများလည်း လာရောက်ခဲ့ကာ တရားရုံးမှ အမိန့်ချမှတ်ပြီးသည့်အချိန်တွင် ဆိုင်မန်နေဂျာ ကိုထွန်းကိုကိုလွင်၏ မိခင်ဖြစ်သူနှင့် သံဃာတော်တစ်ပါးတို့ စကားအချေအတင် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။
“တရားမျှတမှု မရှိဘူး။ တရားရုံးတော်ဆိုတာ တရားမျှတမှုကို လုပ်ပေးရမယ့်နေရာလေ။ အဖြူအမည်း သဲကွဲနေတာတောင်မှ အခုလို အမိန့်ချလိုက်တော့ အစ်မလည်း ဘယ်လိုပြောရမလဲ မသိဘူး။ ဒီအမှုနှင့်ပတ်သက်ပြီး ဥပမာတစ်ခုပြောရရင် တက္ကစီမောင်းတဲ့သူ ယာဉ်တိုက်မှုဖြစ်လို့ အရေးယူခံရရင် တက္ကစီထောင်တဲ့သူကို အရေးယူမှာလား။ အယူခံဝင်ဖို့လည်း ရှေ့နေတွေနဲ့ တိုင်ပင်သွားမှာပါ။ အခုလို မလုပ်တဲ့သူနှစ်ဦးကို တရားစွဲပြီး အမိန့်ချမှတ်ခံမှုကို ရှုတ်ချပါတယ်”ဟု ဆိုင်ရှင် ကိုထွန်းသူရိန်၏ ဇနီး မမြနန္ဒာက မီဒီယာများအား ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ဝ ရက် ညနေပိုင်း က VGastro.Bar, Buddha Bar ဟုရေးသားထားသည့် ပွဲဒီဇိုင်းကြော်ငြာမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက VGastro.Bar သို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ဆိုင်ပိုင်ရှင် ထွန်းသူရိန် ၊မန်နေဂျာ ထွန်းကိုကိုလွင်နှင့် အထွေထွေမန်နေဂျာဖြစ်သူ နယူးဇီလန်နိုင်ငံသား ဖိလစ်တို့ အား ဖမ်းဆီးအမှုဖွင့်ခဲ့၍ ဗဟန်းမြို့နယ် လ. ဝ.က ဦးစီးမှူး /သာသနာရေးဦးစီးမှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အလားတူ ပုဒ်မဖြင့် သရုပ်ဆောင် ရဲတိုက်မှာလည်း ၂ဝ၁၃ ခုနှစ် မေလအတွင်းက ဗိုလ်တထောင်မြို့နယ် စိန့်မေရီခရစ်ယာန် ဘုရားကျောင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခြင်း၊ ဘုရားကျောင်း တာဝန်ရှိသူများနှင့် ပြဿနာဖြစ်ပွားခဲ့ခြင်းတို့ကြောင့် ပုဒ်မ-၂၉၅/၂၉၅ (က) ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဗိုလ်တထောင်တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
လူတစ်စားကိုးကွယ်သည့် ဘာသာသာသနာစော်ကားမှု ပုဒ်မ၂၉၅ /၂၉၅-ကသည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်နှစ်နှစ် ချမှတ်နိုင်ကြောင်း သိရသည်။
တရားစွဲဆိုခံထားရသော VGastro.Bar ဆိုင်ရှင်အပါဝင် သုံးဦး မတ် ၁၇ ရက် နံနက်ပိုင်းက ဗဟန်းတရားရုံးသို့ လာရောက်စဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...