အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 March, 2015

စိတ်ကျန်းမာရေးချို့ယွင်းနေပြီး အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရ သည့် မြန်မာအမျိုးသမီး တစ်ဦးအား MATအဖွဲ့မှ စောင့်ရှောက်ထား

ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၊စမွတ်ဆာခွန်ဆေးရုံးကြီးမှ စိတ်ကျန်းမာရေးချို့ ယွင်းနေပြီး အထောက် ထာမဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးသည် ဆေးရုံး သို့ရောက်ရှိလာကြောင်းယ မန်နေ့ည ၁၂နာရီ အချိန်ခန့်၌ ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ ကိုအောင်ဆန်းဦး (မဟာချိုင်ရုံး တာဝန်ခံ)ထံသို့

ဆက်သွယ်အကြောင်းကြားအကူညီတောင်းလာခဲ့ရာ ကိုခိုင်ကြီး(အတွင်းရေးမှူး)၊ ကိုအောင်ဆန်းဦး( မဟာချိုင်ရုံးတာဝန်ခံ) တို့သည် စမွတ်ဆာခွန်ဆေးရုံးကြီးသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့်
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ အတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကြီးမှ.....
“မနေ့ညက ဆေးရုံးကြီးကနေစိတ်ကျန်းရေးချို့တဲ့နေတဲ့ မြန်မာအမျိုးသမီးတစ် ယောက်ရောက်နေ တယ်..ကူညီပေးပါအုန်းဆိုတာနဲ့ ကျနော်တို့အဖွဲ့ ကနေ ညတွင်းခြင်းသွားရောက်ပြီး ကလေးမလေ နဲ့သွားတွေ့တယ်.. သူ့နာမည်မေးတော့ သူဇာဝင်းလို့ခေါ်တယ်ပြောတယ်... သူ့နာမည်တော့ ဘယ်အချိန်မေးမေး အဲဒီအမည်တော့သူဖြေတယ်ဗျ၊.လောလောဆယ်တော့ MATမှာစောင့်ရှောက်ထားပါတယ် နယ်မြေခံ ရဲစခန်းကိုလည်း သတင်း ပို့ပေး ထားပါ တယ်။ရဲစခန်းကလည်း MATအဖွဲ့မှာဘဲ စောင့်ရှောက် ထားပေး ပါ၊ လိုအပ်တာရှိရင်လည်း လာရောက် ကူညီပေး ပါမယ်လို့
ပြန်ပြောပါတယ်။ဒီမှာတော့ ရေရှည်စောင့်ရှောက် မို့အခက် ခဲရှိတော့ ဘန်ကောက်မြန်မာသံရုံးမှ သံအမတ်ကြီးကို အကူညီတောင်းပြီး ကလေး မလေးကို လူကုန်ကူးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ (မြ၀တီ)ကိုပို့မလို့ စီစဉ်နေတယ်..” ဟု ဖြေကြားခဲ့ ပါသည်။

စိတ်ကျန်းမာရေးချို့တဲ့နေသည့် မြန်မာအမျိုးသမီး၏ စကားပြောလေယူလေ သိမ်းနှင့် သွားလာနေထိုင်ပြုမူပုံများမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မှနေထိုင် သူဖြစ်နိုင်ကြောင်း ၎င်းမှဖြည့်စွက်ပြောကြားခဲ့ပါသည်။
အဆိုပါအမျိုးသမီးအားသိရှိသူများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ် များသို့ဆက်သွယ်အကြောင်းကြားပေးပါရန် MATအဖွဲ့မှ မေတ္တာရပ်ခံ ထားပါသည်။
ဦးခိုင်ကြီး (အတွင်းရေးမှူး) 08 5341 5611
ကိုအောင်ဆန်းဦး( မဟာချိုင်ရုံးတာဝန်ခံ) 09 0667 7913
ကိုစောမောင်(သတင်းနှင့်ပြန်ကြားရေး) 08 3735 2087

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...