အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 March, 2015

အရေပြားပေါ် အဖုအပိန့် အနီကွက်ထခြင်းမှ ကင်းဝေးစေမယ့် ဆလတ်ရွက်


ဆလတ်ရွက်မှာ ဗီတာမင် A၊ B1၊ B2၊ B3၊ B6၊ C နဲ့ E ပေါကြွယ်ဝပြီး ကယ်လ်ဆီယမ်၊ ကြေးနီ၊ မက်ဂ်န်ီစီယမ်နဲ့ သံဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဆလတ်ရွက်ကို မျက်နှာလိမ်း ထုတ်ကုန် ပစ္စည်းပြုလုပ်ခြင်းအတွက် တော်တော်လေး အကြံပြုခဲ့ကြတာပါ။
၁။ ဆလတ်ရွက်လိုးရှင်း
ဒီလိုးရှင်းက နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားနီမြန်းခြင်းနဲ့ ကင်းဝေးစေမှာဖြစ်ပါတယ်။ ဒါ့အပြင်
ဝက်ခြံကာကွယ်ဖို့ အတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဆလတ်ရွက်ကို အပူချိန် သိပ်မပြင်းတဲ့ မီးမှာ အချိန်တစ်နာရီခွဲကြာ ပြုတ်ပေးရုံသာ ဖြစ်ပါတယ်။ ပြုတ်ပြီးပါက ဆလတ်ရွက်ကို အရည်စစ်ထုတ်ပြီး အဖတ်ကို လွှင့်ပစ်ကာ ရလာတဲ့အရည်ကို သိမ်းထားရမှာဖြစ်တယ်။
၎င်းအရည်ကို လိုးရှင်းကဲ့သို့ အသုံးပြုပါ။ (၃) ရက်ကြာ ထားသိုသိမ်းထားနိုင်တယ်။ မှောင်ပြီး အေးတဲ့နေရာ တစ်ခုခုမှာ သိမ်းထားရပါမယ်။
၂။ ခြောက်သွေ့ပြီး အက်ကွဲတဲ့ အသားအရေလိမ်းဆေး
ဆလတ်ရွက်ကို မိနစ်အနည်းငယ်ပြုတ်ပါ။ အရွက်တွေကို ပိတ်စနဲ့ ပတ်စည်းပြီး မျက်နှာ၊ လည်ပင်းနဲ့ လန်းဆန်းမှု ရှိစေချင်တဲ့နေရာမှာ နာရီဝက်ခန့် အုပ်ထားပေးရမှာဖြစ်ပါတယ်။
Ref:healthyfoodstar
ပေါ်ထွန်း
Trend Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...