အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 March, 2015

မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီးအုတ်ဂူ ၊ ဒင်္ဂါးစက်ရုံတို့အား ပြုပြင်ထိန်းသိမ်းသင့်

မန္တလေးမြို့တွင် အထင်ကရဖြစ်သည့် ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့၏ အုတ်ဂူ၊ မင်းကိုးပါးရုပ်တုနှင့် ပြည်ထောင်စု ကျောက်တိုင်၊ ဒင်္ဂါးစက်ရုံတို့မှာ ဆူးပင်များ၊ ချုံနွယ်များဝိုင်းရံလျက်ရှိခြင်းကြောင့် သမိုင်းသုတေသီများ၊ နိုင်ငံခြားသားများ၊ ကျောင်းသားကျောင်းသူများ လေ့လာရန်ခက်ခဲလျက်ရှိသည်။
မန္တလေးနန်းမြို့ မြနန်းစံကျော် ရွှေနန်းတော်အနီးတွင် ရတနာပုံမြို့တည် နန်းတည်မင်းတုန်းမင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့၏ အုတ်ဂူရှိပြီး၊ မြန်မာနိုင်ငံ တည်ထောင်အုပ်ချုပ်ခဲ့သော အလောင်းမင်းတရားကြီး၊ ကျန်စစ်သား၊ ဘုရင့်နောင်အပါအဝင် တိုင်းပြုပြည်ပြုသာသနာပြု ရှေးခေတ် မြန်မာ့သူရဲကောင်း စစ်ဘုရင်များအား လေးစားဂုဏ်ပြု မော်ကွန်းတင်နိုင်ရန် မင်းကိုးပါးရုပ်တုနှင့် ပြည်ထောင်စု ကျောက်တိုင်ကိုအရှေ့အနောက်၁၆၅ပေ၊ တောင် မြောက်ပေ ၈ဝ အကျယ်နေရာတွင် ၁၉၉၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်ကပန်းခြံဖြင့် နိုင်ငံခြားသားများ လေ့လာနိုင်ရန်ဖွင့်လှစ်ပေးခဲ့သည်။

ယခုအခါပြုပြင်ထိန်းသိမ်းမှုမရှိခဲ့သဖြင့် သမိုင်းဝင်မင်းတုန်းမင်းဥပုသ်သီလ ဆောက်တည်ခဲ့သော ဥပုသ်ဆောင်၊၁၈၇၄ခုနှစ်က တည်ဆောက်ခဲ့ပြီးအနှစ်၂ဝအတွင်း ငွေဒင်္ဂါးတန်ဖိုး၂၈သန်းအထိထုတ်ဝေနိုင်ခဲ့သည့် ဒင်္ဂါးစက်ရုံ၊ မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီးအုတ်ဂူတို့မှာဆူးပင်များ၊ ချုံနွယ်များဝိုင်းရံလျက်ရှိရာ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း မြှင့်တင်ရေး အတွက် ယခင်အတိုင်းပြုပြင်ထိန်းသိမ်း ထားရှိ၍ လေ့လာလိုသူများ သွားလာနိုင်ရန် ခြုံနွယ်များ ရှင်းလင်းပြီးဥယျာဉ်သဖွယ်တည်ဆောက်ဂုဏ်ပြုသင့်ကြောင်း ပြည်တွင်းပြည်ပခရီးသွားများက အကြံပြုပြောကြားကြောင်းသိရသည်။

မောင်ပြည်သူ(မန္တလေး)
The Mirror Daily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...