အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 March, 2015

ဦးပဉ္ဇင်းဦးကျော်ဟိန်းရဲ့  စိတ် အကြောင်းဆွေးနွေးပွ္ဒဲ

"မြန်မာ့ရုပ်ရှင်လောကမှာ အလင်းလက်ဆုံး အနုပညာရှင် ဘဝနဲ့အကယ်ဒမီဆုများစွာကိုပိုင်ဆိုင်ခဲ့သူ၊တပ်မက် တွယ်တာစရာ ထင်ရှားသူဘဝနဲ့ မိသားစုကိုအပြီး တိုင် ခွဲခွာလို့ တောထွက်ရဟန်းအဖြစ်သင်္ကန်းဝတ်ခါသာသနာ့ ဘောင်သို့ဝင် ရောက်သွားခဲ့ပြီးအရှင်ကိတ္တိသာရဘွဲ့မည်ရ (လူ့ဘဝမှ ထင်ရှားခဲ့တဲ့နာမည်နဲ့ လူအများနှုတ်ကျိုးခေါ်ဝေါ်နေဆဲရှိသူ) ဦးပဉ္စင်းကျော်ဟိန်းရဲ့  သြစတြေး လျနိုင်ငံဆစ်ဒနီမြို့မှာပြုလုပ်ခဲ့ တဲ့တရားဆွေးနွေးပွဲရုပ်သံ ကလစ် တစ်ခုကိုအင်တာနက် youtube
မှာ တွေ့ရှိရလို့ ပြီးခဲ့တဲ့အပတ်ဟောပြောပွဲများနဲ့ စပ်လျဉ်းတဲ့အထူးပြုအချပ်ပို စာစောင်မှာဖော်ပြခဲ့ပါ တယ်။ ရုပ်သံဖိုင်မှာအခမ်းအနားမှူးက ဦးပဉ္စင်းကိုလူ့ဘဝကထင်ရှားတဲ့အမည်နဲ့တွဲကာ ဦးပဉ္စင်း ဦးကျော်ဟိန်းလို့ ကြေညာပေးထားတဲ့အတွက်လည်း 'ဦးပဉ္စင်းဦးကျော်ဟိန်းရဲ့ စိတ်အကြောင်း ဆွေးနွေးပွဲ' ရယ်လို့ ပေါ်ပြူလာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁ဝ)ရဲ့ဟောပြောပွဲအထူးပြုသတင်းလွှာမှာဖော်ပြခဲ့ပြီး ဦးပဉ္ဇင်း ဦးကျော်ဟိန်းမှ တရားနာ ပရိသတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားမှုကို အခုအပတ်မှာ ဖော်ပြလိုက်ပါတယ်။
=========================================
မေး- နောက်ဘဝရှိခဲ့ရင် ရုပ်ရှင် မင်းသားဘဝကိုလိုချင်ပါသလား။ ရဟန်းဘဝကိုလိုချင်ပါသလား၊ မင်းသားဘဝတစ်ဝက်၊ရဟန်းဘဝ တစ်ဝက်ကိုလိုချင်ပါသလား။

ဖြေ- ဘာမှ မလိုချင်ပါဘူး။ မေးတဲ့ လူလည်း ကျေနပ်သွားအောင် ဦးပဉ္စင်းဖြေနိုင်တာက ဒီရဟန်းဘဝမ ဖြစ်ခင်က ၂ဝဝဝခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာတိုင်းပြည်ကို အတိအလင်း ကြေညာတယ်။ ၂ဝဝ၈ ခုနှစ် နိုဝင် ဘာလ ၄ရက်နေ့ ည၁၂နာရီမှာ ကျော်ဟိန်းဆိုတာကြီးကို စွန့်လွှတ် မယ်ဆိုတော့ လှုပ်လှုပ်ရှားရှားတွေဖြစ် ပြီး ယောက်ယက်တွေ ခတ်ကုန်တယ်။ ဟုတ်လို့လား ဒီလူကြီးက သိပ် ထွင်တယ်။ စတန့်ထွင်နည်းတစ်မျိုး ပဲ။ တချို့တွေကလည်း ဒီကောင်ကြီး ၂ဝဝ၈ခုနှစ်ထိ ခံပါ့မလား။ ရှစ်နှစ် တောင် ကျန်သေးတော့ ဒီအသံတွေ က ဦးပဉ္စင်းဘဝကို ပိုပြီးတော့ ခိုင်မာ အောင်အသံတွေထွက်လာတယ်။ ဦးပဉ္စင်း ရဟန်းဖြစ်သွားတယ်။ ရဟန်း ဖြစ်သွားတဲ့အခါမှာ ဟိုဘက်ဘဝကို ပြန်ပြီး တွက်တာတွေ၊နှမြောတာတွေ ဒီရှိတဲ့အထဲမှာပါသွားပြီး ဦးပဉ္စင်း ဘုန်းကြီးကျောင်းကို သွားတော့မယ့် ၂ဝဝ၈ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့ မနက်အိပ်ရာနိုးတော့ ဘုန်းကြီး ကျောင်းကို ရဟန်းဘဝသွားတော့ မယ်ဆိုတော့ဦးပဉ္စင်းအခန်း၊ ဦးပဉ္စင်း အိပ်ရာ၊ ဦးပဉ္စင်းနှုတ်ဆက်တယ်။ ဒီ အခန်းကိုဘယ်တော့မှ ပြန်လာခွင့် မရှိတော့ဘူးနော်။ သေချာရဲ့လား သေချာတယ်။ဦးပဉ္စင်းက ကျော်ဟိန်း ဆိုပြီးဘဝကို ထူထောင်လိုက်တဲ့ နေ ရာမှာ ဦးပဉ္စင်းက ပညာမတတ်ဘူး။ အဲ့ဒီတော့ လောကကို အရွဲ့တိုက်ပြီး နံပါတ်တစ်ဖြစ်ချင်တယ်ကွာလို့ လုပ် လိုက်တယ်။ဦးပဉ္စင်းအခန်းထဲမှာ တီ ဗီ ခုနစ်လုံးရှိတယ်။ ခုနစ်ခုစလုံးဖွင့် ထားတယ်။ ခုနစ်ခုစလုံးလိုက်ကြည့် တယ်။ မအောင်မြင်ဘူး။ တစ်ခုတည်း ပဲ ကြည့်လို့ရတယ်။ အဲဒီမှာ ဦးပဉ္စင်း သဘောပေါက်သွားတယ်။ စိတ်ဆို တာ ဘယ်လောက်များများ တစ်ခုပဲ လုပ်တယ်။ အဲဒီတစ်ခုကလည်း ခဏ လေးနဲ့ပျောက်သွားတယ်။ငါ အဓိပ္ပာယ်မဲ့တာတွေ လျှောက် လုပ် တာလဲ။
မသိချင်ယောင်ဆောင် ပြီး ကိုယ့်ဟာကိုယ်မေး၊ ကိုယ့်ဟာ ကိုယ်ဖြေနေတာတွေ ပိုက်ဆံရှိလို့ ငါ လုပ်ချင်တာလုပ်တယ်၊ ဘာဖြစ်လဲ ကွာ၊ ရယ်စရာကြီး အဲဒါတွေကို ဖြတ် တာ။ မှန်ကြည့်သေးတယ်။ ဦးဇင်းက တစ်အိမ်လုံး မှန်တွေ ကပ်ထားတာ။ ဘာဖြစ်လို့လဲသိလား။ဟိတ်ကောင် မင်း ရိုးသားရဲ့လား၊မေးခွန်းတွေ တစ်ချိန် လုံးမေးနေတာ။ဦးပဉ္စင်းဘဝကို ဖြတ် သန်းခဲ့ချိန်တုန်းက ဦးပဉ္စင်းက ရိုး သားတယ်။ ညာမစားခဲ့ဘူး။ သူ့ဟာ သူကြိုက်တာတော့ မတတ်နိုင်ဘူး။ ဦးပဉ္စင်းသေချာလုပ်တယ်။ သူများ ပိုက်ဆံကို ဦးပဉ္စင်းဈေးကြီးတယ်လေ။ နေ့တိုင်းနေ့တိုင်း အချိန်တိုင်း အချိန် တိုင်းက ထုတ်လုပ်သူ တန်အောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ အဲဒီမှန်တွေ သူများတော့ မသိဘူး။ ဦးပဉ္စင်းက ကိုယ့်ကိုယ်ကိုယ်ရိုးသားတယ်။ ဦးပဉ္စင်း ရိုက်တဲ့ ကားတွေက အဓိပ္ပာယ် မရှိရင် မရိုက်ဘူး။ စိတ်ကူးယဉ်ဇာတ် လမ်းတွေ လာမပြောနဲ့။ အဲဒီလို ထူ ထောင်လာခဲ့တာ။ကဲမင်း ဒီနေ့ ဒီ အ ခန်းထဲကထွက်ရတော့မယ်။ နောက် ပြန်လာခွင့်မရှိတော့ဘူးနော်။ သေ ချာလား၊ သေချာတယ်။ထွက် သွား တယ်။ဦးပဉ္စင်းဘဝကိုပေးတယ်။ ခုန က မေးသလိုပေါ့။ ပြန်သတိရသလား မလုပ်ခင်ရှစ်နှစ်တောင် လေဖြတ် ပြီးပြီပဲ။ နောက်တစ်ခုက ဒီလူကြီးက ပြောပြီးတော့ မလုပ်လည်း မလုပ် ဘူးကွာ။အဲဒီဟာကြီးကပိုရှက်စရာ ကောင်းတယ်။ လူတစ်ယောက်က မပြောခင် စဉ်းစားပြော၊ပြီးရင် မပြင်နဲ့တော့ ပြောတဲ့အတိုင်းလုပ်။
ကလေးလေးတစ်ယောက်ကမေး တယ် မှားနေရင်ကော ဘာကြောင့် မှားလဲဆိုတာ လက်ခံအောင်ပြော မှားတယ်လို့ ဦးပဉ္စင်းကိုယ်တိုင်လက် ခံရင်ချက်ချင်းပြင်လိုက်မယ်။ ပြင် တာက လွယ်တယ်လေ။ မပြင်ဘဲ ထားတာက ပိုကြာရတယ်။ အဲဒီပြင် ခြင်း၊မပြင်ခြင်းဆိုတာက ခုနက မမြင်ရတဲ့စိတ်ကလေးကို ဟိုဘက် ဒီဘက်လှည့်လိုက်တာမဟုတ်ဘူး လား။ အဲဒါကို ဦးပဉ္စင်းဥပမာနဲ့ပြော မယ်။ မြတ်စွာဘုရားနဲ့ အင်္ဂုလိမာ လနဲ့ တွေ့တယ်။ ဒီလူကြီးကလည်း ဘယ်သူမြှောက်ပေးလိုက်လဲ မသိ ဘူး။ လက်ညှိုးတစ်ထောင်သူဖြတ် တာ ကိုးရာကိုးဆယ့်ကိုးချောင်းဆို တော့ သူဖြတ်တာတွေးကြည့်တယ်။ တစ်ရက်တည်းနဲ့ အကုန်ဖြတ်တာ မဟုတ်ဘူး။ တော်တော်ကြာတယ်။ အဲဒီအနံ့ကြီးနဲ့ သူ့ကိုယ်ပေါ်က သွေး တွေနဲ့ စိတ်တွေညစ်ဖူးလားမသိဘူး။ အဲဒီမှာ တအားနာမည်ကြီးတော့ ဘုရင်က ဖမ်းမှဖြစ်မယ်။ အဲဒါကို အမေလုပ်သူက စိတ်ပူပြီးတော့သူ့ သားလေးတော့ လွတ်ရာပြေးတော့ ငါသွားပြောဦးမယ်ဆိုပြီးတော့ သူက အဲဒီသားလေးချစ်တဲ့စိတ်နဲ့ လာတာ ကိုဟိုပုဂ္ဂိုလ်ကတွေ့ပြီးဒီတစ်ယောက် ကိုပဲ ငါဖြတ်တော့မယ်ဘုရားက ကြားဝင်လိုက်တယ်။ မင်းအမေကို သတ်တဲ့သူဖြစ်တော့မယ်။ အဲဒါတွေ မသိဘူးဗျာတဲ့။လက်ညှိုးတစ် ထောင် ပြည့်ဖို့အရေးကြီးတယ်။ အဲဒီတော့ ဦးပဉ္စင်းပြောချင်တာက အဲဒီ တစ်ထောင်ဖြတ်ခိုင်းတဲ့လူကကိုယ် မဖြစ်ပါစေနဲ့။ ဘာမှန်းညာမှန်းမသိ တဲ့သူက လိုက်ဖြတ်နိုင်ရင် ဖြတ်မှာ ပဲ။ သူ့ဆရာက ပြောတာကိုး။ အဲ တော့ ဆရာတင်တာမမှားစေနဲ့ ကိုး ရာကိုးဆယ့်ကိုးချောင်း။နည်းတာ မဟုတ်ဘူးနော်။ သေချာစဉ်းစား ပုံ ပြင်လို မကြည့်နဲ့ အရုပ်မြင်အောင် ကြည့်။အဲဒီမှာ ဘုရားနဲ့ သူနဲ့တွေ့ တယ်။ သူတို့ပါရမီတွေက ရှိတော့ ကဲ ခင်ဗျား ရှုပ်နေတယ်။ခင်ဗျားကိုပဲ ဖြတ်တော့မယ်တဲ့။ အေးဖြတ်တဲ့ ။ ဖြတ်လို့ပြောပြီး ခင်ဗျားက ဘာဖြစ်လို့ ပြေးနေတာလဲတဲ့ ။ငါမပြေးဘူးတဲ့ ။ပြေးနေတာမင်းတဲ့။ အဲဒီစကား အဓိပ္ပာယ်ကို အင်္ဂုလိမာလက ချက် ချင်းသဘောပေါက်သွားတယ်။ဘာ ကြောင့်သဘောပေါက် တာလဲဆို တော့ အဓိပ္ပာယ်က ငါသံသရာလည် မယ့် အကြောင်းအရာအကုန်လုံးကို ဖြတ်လိုက်လို့ ပြတ်နေပြီ။ ပြေးစရာ မရှိတော့ဘူးရပ်နေတာ။မင်းက သံသရာလည်မယ့် လက်ညှိုးတွေ လျှောက်ဖြတ်၊အမေရဲ့အသက် တောင် သတ်နေတာ။ မင်းသံသရာ လည်ဦးမယ်တဲ့။ အဲဒီလိုအဓိပ္ပာယ် ပေါက်ပြီးတော့တစ်ပါတည်းပြီး သွားရော။အဲဒီလိုလူမျိုးထဲမှာ ဦးပဉ္စင်းလည်းပါတယ်။တစ်ချက် တည်းပဲ။ အဲဒီတော့ ဦးပဉ္စင်းက စကားပြောတဲ့နေရာမှာ ဒီစိတ်ကို ပြုပြင်ရမယ်။ဘယ်လိုပြုပြင်ရင်ရမလဲ ဆိုတော့ ဒါ ဦးပဉ္စင်း ဒီကိုလာတာ အဲဒီတစ်ခုလေးရချင်တယ်။
ဒီက ဒကာ၊ဒကာမတွေလည်း နားထောင်။ ဟာ ဒီအသိလေးငါတို့လို မကြားရ တဲ့သူတွေဆီ ပြန်ပေးရင်ကောင်းမှာပဲ။ အဲဒီစိတ်နဲ့ ဦးပဉ္စင်းဖြန့်စေချင်တာ။ မသေခင် ဦးပဉ္စင်းအသက် ၆၈နှစ်ရှိ ပြီ။ လူတစ်ယောက်ရဲ့ သက်တမ်းက ၇ဝဆိုရင် နောက်နှစ်နှစ်ဆိုသွားပြီ။ သွားပြီဆိုရင်ခုနကသားကြီးလို (စကားချပ်-ယခင်အပတ်ဂျာနယ်မှာ ဒွေးကွယ်လွန်စဉ်ဖြစ်ရပ်ဖော်ပြခဲ့ပြီး)ဘာမှလုပ်လို့မရတော့ဘူးကွာလို့ ဦးပဉ္စင်းကိုနောက်တစ်ယောက်က လည်းပြောဦးမှာပဲ။ဒါကြောင့် ဦးပဉ္စင်းလုပ်ခဲ့ချင်တယ်။ ဦးပဉ္စင်း တို့ဘုရားကို ကိုးကွယ်တာ။ ဘုရားမ ရှိတော့ဘူး။ ဒါပေမဲ့ သူ့တရားတွေက လွတ်မြောက်တယ် ဗျာ။ ဒုက္ခတွေက လွတ်မြောက်တယ်။ အဲဒါလက်ခံ လား။ အဲဒီတော့ ဦးပဉ္စင်းဘုရားရဲ့အ လုပ်တွေကို တာဝန်ယူလို့ရသလောက် ယူပြီးတော့ ဒီကိုရောက်လာတာ။
ဦးပဉ္စင်းဒီကိုလာတာရှင်းတယ်။ ကူညီချင်တယ်ဘုရားရဲ့ခုနက ပထမဆုံး ပြောတဲ့ဘုရားရဲ့တန်ဖိုးတွေသူ ဟော တဲ့ တရားတွေ လွတ်မြောက်စေတာ ဦးပဉ္စင်းကိုယ်တွေ့ပဲ။အဲဒီတော့ ခုနက ရဟန်းဘဝတွေရော၊ ကျော် ဟိန်းဘဝတွေရော၊ အဲဒါစိတ်မဝင် စားဘူး။ ဦးပဉ္စင်း လူတစ်ယောက်အ နေနဲ့လူ့တာဝန်တွေကို ဘယ်လောက် ကျေသလဲ။ အဲဒါဖြစ်ချင်တာ ရဟန်း ပဲဖြစ်ဖြစ်၊ ကျော်ဟိန်းပဲဖြစ်ဖြစ်၊ဘယ် သူပဲဖြစ်ဖြစ် လူ့လောကကို ရောက် လာတာ ဘာလုပ်ဖို့ ရောက်လာတာ လဲ။ အဲဒါတွေလုပ်ပြီးပြီလား။ မလုပ် ရသေးရင် လုပ်တော့နော် အချိန် သိပ်မရှိဘူး။ သားကြီးကို ဦးပဉ္စင်း ပြောခဲ့တာဘာမှလုပ်လို့မရတော့ ဘူး။ သေသွားပြီလေ။သူ နာမည်ကြီး တာတွေ၊ မကြီးတာတွေ ခုကြာသွား တော့သတိရသေးလား။ ဦးပဉ္စင်းမ ယုံဘူး။လူတော်တော်များများက လိမ်တတ်တယ်။သတိမရလည်း ရပါ တယ်ကွာ၊ ဟုတ်၊ဟုတ်မဟုတ်ဟုတ် လျှောက်ပြောနေတာ၊လိမ်နေတာ ဦးပဉ္စင်းမလိမ်ချင်ဘူး။ကိုယ့်ဘဝ အောင်မြင်မှုကိုယ့်ဟာ ကိုယ်ပဲလုပ် နော်။ ဒုက္ခထဲက လွတ်မြောက်မှု ကိုယ့်ဟာကိုယ်လုပ်။ စိတ်မှန်သမျှ ပေါ်တာနဲ့ပြင်။သတိထားရမယ်။ အဲဒါတွေသတိဆိုတဲ့ စိတ်ကမပျက် အောင်၊အဆက်မပြတ် ဖြစ်အောင် သတိဆိုတဲ့စိတ်တွေ ဆက်တိုက်ဖြည့် ဆည်းပေးရမှဖြစ်မယ်ဆိုတဲ့ အဓိပ္ပာယ်မပေါ်ဘူးလား။ အဲဒါလေ့ ကျင့်နည်းပဲ။ကိုယ့်ဆီမှာ သတိရှိတယ်၊ မရှိဘူးကိုယ့်ဟာကိုယ်စမ်းသပ်။
သဘောပေါက်မှ လုပ်လို့ ရမယ်နော်။ ဘာဖြစ်လို့လဲဆိုတော့မမြင်ရတဲ့ စိတ်ကို ပြင်ရတာ။ ပြင်ချင်တဲ့စိတ်အ ရင်ဖြစ်ရမယ်။ပြင်မယ်လို့လုံးဝဆုံး ဖြတ်ပါ။ ရအောင်ပြင် ဦးပဉ္စင်းအရမ်း ဆိုးတာနော်။ခု ခပ်တည်တည်နဲ့ သူများရှေ့မှာခုံနဲ့ထိုင်ပြီး ပြောနေ တာ။ ဒါဦးပဉ္စင်းအားထုတ် ပြီး ကြိုးစားလို့ဒီနေရာရောက်တာ။ ဒကာတို့မို့ရတာလား၊ ကိုယ့်ဟာ ကိုယ်လာထိုင်တာလား။ ဒကာတို့က ထိုင်ခွင့်ပေးတာမဟုတ်ဘူးလား။ ဘုရားကိုကျေးဇူးတင်တယ်၊ သူ့ တရားကိုအားထုတ်လိုက်တာ နေရာ တစ်ခုရသွားတယ်။လွယ်လွယ်လေး။ နောက်ပြီး လက်ဆောင်တွေပေး ကြတဲ့အထဲမှာ ဒီလိုအသိ တရားပေး တာနဲ့၊ကျော်ဟိန်းဘာဆို ဘာမှန်းမသိ ဘဲ ကားတွေရိုက်တာနဲ့ ဘယ်ဟာက ပိုပြီးစိတ်ထဲကိုထိသွားလဲ။ လူဖြစ်ကျိုး နပ်အောင် အမေကို ဦးပဉ္စင်းပူဇော် တယ်လေ။ ဦးပဉ္စင်းတရား အားထုတ် တယ်။ အသိဥာဏ်တစ်ခုအဲဒီမှာ ဖြတ်ခနဲဆိုဟာ ဘုရားပြောတဲ့အသိဥာဏ်လေးရပြီ။ ဥပမာသတိထား နေလား၊ ထားနေလား၊ ထားနေလား မရှိတော့ဘူး။ မရှိတော့ဘူး။ခုန စလုပ်ချင်တဲ့စိတ်ဖြစ်တယ် ခုလုပ် နေတယ်။ ခုမရှိတော့ဘူးပြီးသွားပြီ။ နောက်တစ်ခုစတယ်။ အဲဒါသတိထား နေလို့။ခုနက တောင်ပုလုဆရာတော် ဘုရားကြီးက မြတ်စွာဘုရားက တရားကျင့်လို့ဘုရားဖြစ်တာပဲ။ ဘာပဲလုပ်လုပ်သိက္ခာဆိုတဲ့ သတိရှိမှ ရမယ်။ ဘာပဲလုပ်လုပ်သိကြလို့လား။
သိအောင်မလုပ်သင့်ဘူးလား။ဦးပဉ္စင်း အဲဒါပြောတာက ဆရာလုပ်တာ မဟုတ်ဘူးနော်။ အဲဒီဘာပဲလုပ်လုပ် သိက္ခာဆိုတဲ့စိတ်ကို ဦးပဉ္စင်းလိုလား ပြီးဦးပဉ္စင်းသိချင်ခဲ့တယ်။ခုရပြီ ဒါပေမဲ့ဘာလုပ်မလဲဆို။ ဒါပဲလုပ် မယ်။သေချင်တဲ့အချိန်သေခုဒါယ
ကာတို့ဒါယိကာမတို့ကိုကြားဖြတ် မေးခွန်းမေးလိုက်မယ်။
ခုနေသေခြင်းတရားဝုန်းဆို ရောက်လာရင်အဆင်သင့်ဖြစ် တဲ့သူဘယ်သူရှိလဲ။
(မေးမြန်းဖြေဆိုမှုကိုတော့ ဦးပဉ္စင်း ဦးကျော်ဟိန်းအပိုင်း၃အဖြစ်ဆက် လက်ဖော်ပြပါမည်။)
Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...