အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 November, 2013

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား ခါးလောက်သာမြင့်သော အမျိုးသမီးနှင့်လက်ထပ်

အရပ်ရှစ်ပေကျော်ရှည် သော ကမ္ဘာ့အရပ်အရှည်ဆုံးလူ သား တူရကီနိုင်ငံသားဆူလ်တန် ကိုဆန်သည် ၎င်း၏ခါးခန့်သာရှိ သော မာဗီဒီဘိုနှင့်လက်ထပ်ခဲ့ ကြောင်း သိရသည်။ မာဗီဒီဘိုသည်လည်း အရပ် ငါးပေရှစ်လက်မရှိသဖြင့် အရပ် ပုသော အမျိုးသမီးတစ်ဦးမဟုတ် သော်လည်း အရပ်ရှစ်ပေ သုံး လက်မရှိသော ဆူလ်တန်၏ကြီး မားသောခန္ဓာကိုယ်နှင့် ယှဉ်လျှင် အလွန်သေးငယ်နေခဲ့သည်။



တူ ရကီနိုင်ငံသား လယ်သမားဖြစ်သူ ဆူလ်တန်သည် ၎င်း၏ဇနီးထက် သုံးပေနီးပါး အရပ်ပိုရှည်နေသည်။ ဆူလ်တန်သည် ခြေထောက်နှင့် လက်များ အကြီးဆုံးလူသားအ ဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်တင်ခဲ့ ပြီး မာဗီဒီဘိုနှင့် မဆုံတွေ့ခင်က ချစ်သူရှာဖွေခဲ့ရကြောင်း ပြော ခဲ့သည်။

''ကံမကောင်းချင်တော့ ကျွန်တော့်ခန္ဓာကိုယ်နဲ့ သင့်တော် မယ့်မိန်းကလေး ရှာမတွေ့ခဲ့ဘူး။ ကျွန်တော့်သတို့သမီးက အရပ် ၁ဒသမ၇၅မီတာရှည်ပါတယ်။ ဒါပေမဲ့ သူကသာ ကျွန်တော်နဲ့ သင့်တော်မယ့်သူလို့ ယုံကြည်ပါ တယ်''ဟု နူးညံ့သိမ်မွေ့သောဆူလ် တန်က ပြောခဲ့သည်။

ယခင် ကမ္ဘာ့အရပ်အရှည် ဆုံးလူသားမှာ တရုတ်နိုင်ငံသား ဘိုရှီရှန်ဖြစ်ပြီး အရပ်ခုနစ်ပေ ကိုး လက်မသာရှိသည်။ ၂၀၁ဝပြည့် နှစ် ကမ္ဘာ့ဂရင်းနက်စ်စံချိန်တွင် ဆူလ်တန်သည် ကွယ်လွန်သွားပြီ ဖြစ်သော ဟီပင်ပင်နှင့်ယှဉ်ပြိုင် ခဲ့ရသည်။

[ တူရကီ ၊ အောက်တိုဘာ ၃၁ ၊ Ref - Daily Mail ]

Yangon Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...