အောက်တိုဘာ ၂၄ မှ ၂၆ ရက် နေ့အထိ တပ်မတော်ခန်းမမှာ ကျင်းပပြု လုပ်တဲ့
Myanmar Water Expo 2013 ပြပွဲမှာ သရုပ် ဆောင် လွင်မိုး ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့Wa Minn Group of Companies ရဲ့ Kubota Johkasoa Waste Water Treatment Plant ကိုပါ ပြသခဲ့ပါတယ်။
ဒီပြပွဲနဲ့ ပတ်သက်ပြီး လွင်မိုးက “ဒီနေ့ပြပွဲမှာ ရေဆိုး သန့်စင်စက်၊
မိသားစု တစ်ခုစာပဲဖြစ်ဖြစ် Shopping Mall တစ်ခုလုံး ပဲဖြစ်ဖြစ် အဲဒီကထွက်လာ
တဲ့ ရေဆိုး ၊ ရေညစ် တွေ အကုန်လုံးကို သန့်စင်ထားတဲ့ စက်ပါ။ ဒီစက် ကို
မြန်မာပြည်မှာ တပ်ဆင် ထုတ်လုပ်ဖို့ အတွက်နှစ် ဆန်းပိုင်းလောက် ဆို
တပ်ဆင်ထုတ် လုပ်သွားမှာပါ” လို့ပြောပါတယ်။
စီးပွားရေးကို အခြေချ
လုပ်ဖြစ် နေတဲ့ အတွက် အနုပညာရှင်တစ် ယောက် အနေနဲ့ စီးပွားရေး အလုပ်
တစ်ခုကို အထောက်အကူ အများကြီး ဖြစ်စေ တယ်လို့ ပြောပြတဲ့ လွင်မိုးက
“အခုက စီးပွားရေး ဘက်ကို ဦးစားပေးလုပ် လာတော့ အနုပညာ ဘက်ကို လုပ်တာ
နည်းသွားပြီပေါ့။ လူဆိုတာ ကိုယ့် ဘာသာ သိပြီး သဘောထား တတ်ဖို့ လို ပါတယ်။
ကိုယ်လုပ်ရမယ့် အလုပ်ကို မှန်မှန်ကန်ကန် ရွေးချယ် ဖို့လည်း လိုပါတယ် ။အရင်က
အနုပညာ သမား တစ်ယောက် ဖြစ်ခဲ့ပေမယ့် အခု စီးပွားရေး လုပ်တဲ့အချိန် မှာ
စီးပွားရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက် အလက်တွေကို လေ့လာဖို့၊
တစိုက်မတ်မတ် ကြိုးစားလုပ်ဖို့ လိုပါ တယ်။ ကြိုးစား အားထုတ်ဖို့က နေ
ရာတိုင်း နဲ့ဆိုင်ပါတယ်။ အနုပညာ ပဲဖြစ်ဖြစ်၊ စီးပွားရေး ပဲဖြစ်ဖြစ်
ကြိုးစားရမှာပဲ။ ဒါပေမဲ့ နားလည်တတ် ကျွမ်းအောင် လေ့လာဖို့လည်း လိုအပ်
ပါတယ်။ အနုပညာ သမား တစ် ယောက် ဖြစ်တော့ လူချစ်လူခင်ပေါတယ်။ ကုန်ပစ္စည်း
တစ်ခုကိုပြောတဲ့ ဆို တဲ့နေရာမှာ သူများတွေထက် ပိုပြီး ထိရောက်မှု ရှိတယ်။
သွား လာ လုပ်ကိုင်တဲ့ နေရာမှာ သာမန် လူတွေထက် ပိုပြီး Customer တွေက ကိုယ့်
ကိုပိုပြီး ယုံကြည်မှု တွေပို ထားတဲ့ သဘော ရှိတယ်။ ဒီလို ယုံကြည်မှု ထားတဲ့
အပေါ်မှာ ကိုယ့် အနေနဲ့ က ဒီထက် ပိုပြီးပြည့်စုံ ကောင်း မွန်တဲ့ ဝန်ဆောင်မှု၊
မှန်ကန်မှု၊ ကောင်းတဲ့ Image တွေကို ရေရှည် ထိန်းသိမ်းနိုင်အောင် ပြန်ပြီး
လုပ် ပေးဖို့လည်း လိုပါတယ်” လို့ပြောပြခဲ့ ပါတယ်။
မေမွန်မောင်
Popular Journal
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
November
(19)
-
▼
Nov 02
(13)
- အမျိုးသမီးရော့ခ်သံစဉ်ပြင်းပြင်းတွေကိုခံစားရမယ့် စမ...
- ကိုယ်ပါဝင်ရတဲ့အခန်းနည်းတာများတာထက် ဇာတ်လမ်းကိုကြို...
- "အနုပညာရှင် တစ် ယောက် အနေ နဲ့ စီးပွားရေးမှာ အထောက်...
- ဝန်ကြီးချုပ်ဟောင်း Thaksin ပြန်လာနိုင်မယ့် ဥပဒေ ထိ...
- လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မ...
- ကမ္ဘာ့အရပ်အရှည်ဆုံးလူသား ခါးလောက်သာမြင့်သော အမျိုးသ...
- ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်...
- အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို
- တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ အ...
- အရှိန်လွန် ၁၈၈ ရွှေအင်းဝခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ ...
- တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတ...
- ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်
- အရမ်းလန်းတဲ့စာသားလေးတွေနဲ့ အရမ်းကောင်းတဲ့သီချင်းလေ...
-
▼
Nov 02
(13)
-
▼
November
(19)


