အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 June, 2013

ရန်ကုန်မြို့လမ်းတံတားများ ပြုပြင်ရန် ကျပ်သန်းပေါင်း ၄၀,၀၀၀ ကျော် သုံးမည်

ရန်ကုန်မြို့တော်ရှိ လမ်းနှင့် တံတားများ ပြုပြင် ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ကျပ်သန်းပေါင်း ၄၀,၀၀၀ ကျော် အသုံးပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ထံမှ စုံစမ်း သိရှိရသည်။
 ယခင်၂၀၁၂ -၂၀၁၃ ဘဏ္ဍရေး နှစ်တွင် ကျပ်သန်းပေါင်း ၈၀၀၀ အသုံးပြုခဲ့ပြီး ယခုနှစ်တွင် ငါးဆတိုး ၍ ကျပ်သန်း ၄၀,၀၀၀ ကျော် အသုံးပြုမည် ဖြစ်ပြီး မြို့တွင်း မြို့ပြင် ကွန်ကရစ် လမ်း ၃၀၀ ကျော်နှင့် ကတ္တရာ လမ်းပေါင်း ၁၀၀ ကျော်၊ စင်္ကြံ လမ်းပေါင်း ၄၀ ကို ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တော်နေ ပြည်သူလူထု၏ အခက်အခဲ များကို ယခင်ထက် ကျယ်ကျယ် ပြန့်ပြန့် ဖြေရှင်းနေပြီး မြို့ပြ ဖွံ့ဖြိုးမှု ပုံစံအရ ရန်ကုန်မြို့၏ အသွင်အပြင်ကို ပြုပြင် ပြောင်းလဲခြင်း၊ မိလ္လာ စနစ်များကို ပြုပြင်ပေးရခြင်း၊ ရေမြောင်းများ ဖောက်လုပ်ခြင်း၊ လမ်းများခင်းခြင်း ကြောင့် အသုံးစရိတ်များ ပိုမို မြင့်မားလာခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သုံးသပ် ပြောကြားသည်။

“လမ်းတွေပြင်တာ၊ ရေမြောင်း ပြင်တာတော့ တွေ့တယ်၊ ရေလျှံမှု တွေ များတဲ့ ဘက်ကို အရင်ပြင်စေ ချင်တယ်။ အခုက ပြင်တာကတစ်နေရာ ရေလျှံတာက တစ်နေရာလို ဖြစ်နေတယ်”ဟု ပန်းဘဲတန်းမြို့နယ် ၃၂ လမ်း (အလယ် ဘလောက်)တွင် နေထိုင်သူ ဦးဝေယံက ပြောကြားသည်။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြို့တွင်း လမ်းများတွင် ယာဉ်ကြော ပိတ်ဆို့မှု များကို လျော့နည်းရန် အခမဲ့ ယာဉ်ရပ်နား စခန်းများ၊ လမ်းတံတား ပြုပြင်ခြင်း၊ ရေမြောင်းများ ချဲ့ထွင် ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...