အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 June, 2013

ဖရဲသီးမှာ ပါဝင်တဲ့ အကျိုး အာနိသင်

ဖရဲသီးထဲမှာ ဆိုရင် လူကို အကျိုးပြုစေမယ့် Vitamin A,Vitamin C,Vitamin B6 စသည်တို့ ပါဝင်ပါတယ်၊
 ဗီတာမင်အေဟာ ဆိုရင် မျက်လုံးအားကို ကောင်းစေတယ်၊ မျက်လုံးနဲ့ ပတ်သက်တာ တွေကို ကောင်းစေတယ်၊ Antioxidant ပါဝင်တဲ့အတွက် လူကို နုပျိုစေပြီး အိုမင်း ရင့်ရောက်မှုကို ကာကွယ် ပေးတယ်၊ ဗီတာမင်ဆီဟာ ဆိုရင် ကိုယ်ခံအားကို ကောင်း မွန်စေပြီး၊ လေအောင့် လေနာ ကောင်းမွန်စေ တယ်၊ အရေပြားပေါ်က ဆဲလ်တွေ ပျက်စီးဆုံးရှုံးမှုကို ကာကွယ် ပေးတယ်၊ သွားတွေမှာ ရှိတဲ့ အညစ်ကျေးတွေ သန့်ရှင်း စေတယ်၊

ခံတွင်း ကောင်းမွန် စေတယ်၊ ဗီတာမင် B6 ဓာတ်ကတော့ ဦးနှောက်တွင်း လုပ်ဆောင် ချက်တွေကို ကောင်းမွန် စေတယ်၊ အာရုံကြောတွေကို ကောင်းမွန်စေ တယ်၊ ပြီးတော့ နှလုံးသမားတွေ၊ ကင်ဆာသမားတွေ အတွက်လည်း စားသုံး ပေးသင့်တယ်၊ ဘာကြောင့်လည်း ဆိုတော့ အသီးရွက်တွေမှာ ပါဝင်တဲ့ lycopene ဓာတ်ဟာဆိုရင် ဖရဲသီးမှာ ပါဝင်မှုနှုန်း မြင့်မားတဲ့ အတွက်ကြောင့် ဖြစ်တယ်၊

ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့ potassium အရင်းမြစ်ကို ဖရဲသီးကနေ ရရှိတာ ဖြစ်တဲ့ အတွက်ကြောင့် သွေးတိုး၊ သွေးကျရောဂါ သမားတွေ စားသုံး ပေးသင့်တယ်၊ စသည့် အာနိသင်တွေ ဖရဲသီးမှာ ပါဝင်ပါတယ်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...