အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 June, 2013

ပျော်ရွှင်မှုရရှိအောင် အောက်ပါနည်းလမ်းများအတိုင်း နေထိုင်ပါ

ပျော်ရွှင်မှုရရှိအောင် အောက်ပါနည်းလမ်းများအတိုင်း နေထိုင်ပါကမ္ဘာ့ အပျော်ဆုံး နိုင်ငံ ငါးနိုင်ငံထဲမှာပါဝင်တဲ့ ကနေဒါ လူမျိုးတွေရဲ့ စိတ်ပျော်ရွှင် ရတဲ့ အလေ့အထ တွေကို ကမ္ဘာ့ ပျော်ရွှင်မှုဆိုင်ရာ မှတ်တမ်းအရ သိရ
ပါတယ်။
(၁) ကြင်နာပါ

သူတစ်ပါးကို ကြင်နာ တတ်တဲ့ စိတ်သဘောထားရှိတာကြောင့် စိတ်ခံစားမှု ကို အဆက်မပြတ် တိုးမြင့် စေပြီး ကြာရှည် အပြုသဘော ဆောင်တဲ့ ကောင်း ကျိုးကို ရရှိစေပါတယ်။ ငွေရှိရုံနဲ့ ပျော်ရွှင်မှုကို မဝယ်နိုင်ပေမယ့် စိတ်အခြေ အနေက ပိုင်ဆိုင်မှုနဲ့ လည်း ဆက်စပ်မှု ရှိနေပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာကို မရှိဆင်းရဲသူတွေအား ကြင်နာတဲ့ စိတ်နဲ့ ပေးကမ်းတာ
ကြောင့်လည်း ပျော်ရွှင်မှု ရရှိစေပါတယ်။

(၂) တရားထိုင်ပါ

တရားထိုင် တာကြောင့် စိတ်ဖိစီးမှု၊ ပူပင် သောကနဲ့ စိတ်ဓာတ်ကျ တာတွေကို လျော့ပါး စေပါတယ်။ အကောင်းမြင်တဲ့ စိတ်သဘောထား ရှိတာကြောင့် မသေ ချာတဲ့ အနာဂတ်၊ အရှုံးတွေကို ခံနိုင်ရည် ရှိပေမယ့် တရားထိုင် တာကြောင့် စိတ် အေးချမ်းမှု ပိုမိုရရှိ စေပါတယ်။

(၃) ပြတ်သားသော ရည်မှန်းချက်များ ထားရှိပါ

ရည်မှန်းချက် ပန်းတိုင် ချမှတ်ပြီး အဲ ဒီဦးတည်ချက် အတိုင်း အလုပ်လုပ် တာက အကောင်းမြင်တဲ့ အတွေး တွေကို ဖြစ်စေ ပြီး စိတ်ဓာတ် ကျတဲ့ ခံစားချက် တွေကို ချိုးနှိမ်ထား နိုင်ပါတယ်။ ပျော်ရွှင်တဲ့ စိတ် ခံစားချက် ၅၀ ရာခိုင်နှုန်းက မွေးရာပါ ဗီဇအပေါ် မူတည် ပါတယ်။ တခြား ၅၀ ရာခိုင်နှုန်းက ဘဝမှာ နေတတ်အောင် သင် ယူလေ့လာရင်း ရရှိတာပဲ ဖြစ်ပါတယ်။

(၄) အရေးပါသော လူများကို ဦးစား ပေးပါ

လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန် တာက သင် ခက်ခဲကြမ်းတမ်း တဲ့ အချိန်တွေမှာ သန်စွမ်းအောင် နေနိုင် မယ့် ခွန်အား ရရှိစေပါတယ်။ လူတွေနဲ့ ပျော်ရွှင်တဲ့ ဆက်ဆံရေး ရှိပြီး ကျေနပ် တာကြောင့် စားသမျှ အစာတွေ ကြေ လွယ်ကာ သက်သောင့် သက်သာ ရှိစေပါ တယ်။

(၅) အမှန် တရားကို မြတ်နိုးပါ

ပင်ကို တန်ဖိုး အတိုင်း နေထိုင်နိုင် ရင် အောင်မြင်မှု ရလဒ်တွေက ပိုပြီး ချို မြိန်ပါတယ်။ အမှန်တရားကို ချစ်မြတ် နိုးပြီး ရလာတဲ့ ပျော်ရွှင်မှုက ပိုစစ်မှန်ပါ တယ်။

(၆) အရင်ဆုံး ဟန်ဆောင် ပြုံးရယ်ပါ

လေ့လာမှု တွေအရ မပြုံးချင်တဲ့တိုင် ပြုံးရယ်ဟန်ဆောင်တာကြောင့် စစ်မှန်
တဲ့ ပျော်ရွှင်မှု ခံစားချက်ကို ရရှိ စေပါတယ်။ ပျော်ရွှင်မှု အဆင့် တိုးမြင့် သူတွေဟာ နှလုံးခုန်နှုန်း နှေးကြပါတယ်။

Good Health

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...