အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 June, 2013

တိုယိုတာတို့ ကားဆက်ထုတ်ရန် သြစတေးလျက ထောက်ပံ့မည်

သြစတေးလျနိုင်ငံတွင်းမှာပါ။ အမေရိကန် Ford, General Motors များက သုံးလေးနှစ်အတွင်း သြစတေးလျက ကားစက်ရုံများကို ရပ်နားဖို့ ဆုံးဖြတ် ထားကြပါတယ်။
 ဒီအတွက် သြစတေးလျ အစိုးရက မလိုလားပါဘူး။ ပြန်လည် တိုင် ပင်ဆွေးနွေး နေပါပြီ။ နောက်ပြီးတော့ အဲ့လိုပဲ စဉ်းစားနေတဲ့ ဂျပန် တိုယိုတာကို သြစတေးလျ အစိုးရမှ ထောက်ပံ့ကြေးငွေပေး မှာပါ။ နိုင်ငံတွင်း စက်ရုံတစ်ခုတည်ဆောက်နဲ့ နည်းတဲ့ ငွေအရင်းအနှီး မဟုတ်ပါဘူး။ GM ဆိုရင် အမေရိကန်ဒေါ်လာ ၁ဘီလျံတောင် ရင်းထားရ ပါတယ်။ စီးပွား တက်မှု သိသိသာသာ ရှိမလာတဲ့အတွက် ယင်းငွေ အသုံးချ မှုကို ရပ်နားဖို့ စဉ်းစားနေ ခြင်းဖြစ်ပါတယ်။

ဆိုးကျိုးအနေနဲ့က သြစတေးလျမှာ အလုပ်လက်မဲ့ တိုးလာနိုင်ပြီး ပြည်တွင်း ကားဈေးကွက်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယင်းဖြစ်စဉ်ကို မလိုလားတဲ့အတွက် တိုယိုတာကို အဓိက ထားလို့ ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ သန်းရာချီပေး မှာ ဖြစ်ကြောင်း သိရပါတယ်။
-
Ref: autoblog
ColayOnline
See More

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...