“နိုင်ငံ တကာကို သွားမယ်လို့ ရည်မှန်း ထားရင် နိုင်ငံတကာမှာ ကျင့်သုံးနေ
တဲ့ ပုံစံအတိုင်းဖြစ်ရမယ်။ အခု ကျွန်တော်တို့ ဆွဲနေတဲ့ စည်းမျဉ်းတွေက
မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆွဲနေတာမဟုတ်ဘူး။ ကျွန်တော်တို့ကတော့ အနုပညာ ပြောင်မြောက်မှုပေါ်မှာ အဓိက ထားတယ်။ တကယ်ပီပြင်ရင် မင်းသားမှ၊ ဇာတ်လိုက်မှ ၊ဇာတ်ဆောင်မှမဟုတ်ဘူးသူတောင
မှာပဲ။ ပြည့်တန်ဆာ အခန်းက သရုပ်ဆောင်လို့ ပီပြင်ရင် ပေးမှာပဲ” ဟု ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်း များနှင့် ပတ်သက်၍ ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ယခုနှစ်တွင်လည်း ပြန်ကြားရေး ဝန်ကြီးဌာန
မြန်မာ့ရုပ်ရှင်လုပ်ငန်း ကသာ ပေးအပ်သွားမည် ဖြစ်ပြီး နောင်နှစ်တွင်မှ ရုပ်ရှင်အစည်းအရုံးက ပေးအပ် သွားမည်ဖြစ် ကြောင်း၊ ယခုနှစ်အတွက် ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များအနေနှင့် အကဲဖြတ်အဖွဲ့ဝင် များအဖြစ်သာ ပါဝင်မည်ဖြစ်ကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုးက ဆိုသည်။ ယမန်နှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင
“အခုကျွန်တော်တို့ အစည်းအရုံးက ဆွဲနေတဲ့ စည်းမျဉ်းတွေမှာ မှီငြမ်းဇာတ်ကားတွေကို ဆုပေးသင့် မပေးသင့်တို့၊ အကောင်းဆုံးဆုဆိုတာ တစ်ဆုပဲ ဖြစ်သင့်တယ်၊ ပူးတွဲ မပေးသင့်ဘူးဆိုတဲ့ အချက်တွေ ပါဝင်ဖို့ ထည့်သွင်း ဆွေးနွေးနေပါတယ်” ဟု ရုပ်ရုပ်ထူးချွန်ဆု ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်း များအကြောင်းကို ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက ရှင်းပြသည်။ ယခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ
အတွက် ရုပ်ရှင်ဇာတ်ကားများ အကဲဖြတ် ကြည့်ရှုခြင်းကို ဇူလိုင်လတွင် စတင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
The Voice Journal