အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

မြန်မာဘီယာကို ထိုင်းဈေးကွက်သို့တင်သွင်းရန် ThaiBev ကုမ္ပဏီ စီစဉ်နေ

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ရည်ရွယ်၍ မြန်မာဘီယာကို ထိုင်းနိုင်ငံ ဈေးကွက်အတွင်းသို့ တင်သွင်းရန် ThaiBev အဖျော်ယမကာ ကုမ္ပဏီကြီးက စီစဉ်နေကြောင်း ထိုင်းနိုင်ငံ မီဒီယာများတွင် ဖော်ပြထားသည်။
ThaiBev ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဈေးကွက်တိုးချဲ့ရန်ကိုလည်း စီစဉ်နေကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီက Myanmar Brewery Ltd. တွင် ရှယ်ယာပိုင်ဆိုင်ထားသည့် စင်ကာပူမှ F&N ကုမ္ပဏီနှင့် ပူးပေါင်းမှု ရယူထားသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။

''မြန်မာနိုင်ငံက အာရှရဲ့ထွန်းတောက်ကြယ် ဖြစ်နေတာပေါ့။ အားလုံးက အဲဒီကိုပဲ ကြည့်နေကြတာ။ အဲဒီကဈေးကွက်ကလည်း ထိုင်းနိုင်ငံနဲ့ အတော်ဆင်တူပါတယ်'' ဟု ThaiBev မှ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ သာပါနာက ပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းများ ထုတ်လုပ်ရန်မှာ လျှပ်စစ်နှင့် ရေရရှိမှုတို့ကဲ့သို့ အခြေခံ အဆောက်အအုံများ ပြည့်စုံရန် စောင့်ဆိုင်းရဦးမည်ဟု သုံးသပ်သည်။ လတ်တလောကာလ အတွင်းတွင်တော့ မြန်မာဘီယာကို ထိုင်းနိုင်ငံသို့ တင်သွင်းနိုင်မည်ဟု ဆိုသည်။

''ကျွန်တော်တို့က မြန်မာဈေးကွက်ထဲက အခွင့်အလမ်းကိုလည်း ရှာဖွေနေပြီး မြန်မာ့ထုတ်ကုန်တွေကို ဒီဘက်ကို တင်သွင်းနိုင်မယ့် အခွင့်အရေးကိုလည်း ကြည့်နေပါတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ThaiBev ကုမ္ပဏီသည် ၎င်းတို့၏ နာမည်ကျော် Beer Chang ကိုလည်း ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် ထုတ်လုပ်ခွင့် ရရှိထားကြောင်း သိရသည်။

Eleven

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...