အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

" ဇာတ်ကားတွေကို သတ်မှတ်ချက် ပေးဖို့ လိုအပ်လာပြီ ဖြစ်ကြောင်း လူမင်းပြော "

ဇာတ်ကားတွေကို ဖန်တီးတဲ့အခါ ပရိသတ်ရဲ့ဝေဖန်မှုနဲ့ ဖန်တီး သူတို့ရဲ့ ဖန်တီးမှုတွေက လွတ်လပ် စွာ ကွဲလွဲခွင့်တွေ ရှိတယ်လို့ လူမင်း ကပြောပါတယ်။အနုပညာဆိုတာ စည်းတွေ၊ ဘောင်တွေ၊ ကန့်သတ်ချက်၊ နယ်နိမိတ်တွေ မရှိဘဲ အားလုံးကို ကျော်ဖြတ်နိုင် ရမှာဖြစ်ပြီး ဖန်တီးသူ ဘက်ကလည်း ကိုယ့်အနုပညာကို ယုံကြည်တယ်ဆိုရင် ပရိသတ်ဘယ်လိုပဲ ဝေဖန်ပေမယ့် ဖန်တီးနိုင်တာ ပဲဖြစ်ကြောင်း၊ ပရိသတ်ဘက်ကလည်း လွတ်လပ်စွာဝေဖန်နိုင်ကြောင်း သဘောထား ကွဲလွဲခွင့်တွေရှိကြောင်း လူမင်းကပြောပါတယ်။ “မြန်မာ့ နိုင်ငံအနေ နဲ့ကြည့်မယ် ဆိုတော့ လည်း ဇာတ်ကား တစ်ကားကို ကြည့်တဲ့ အခါ ဇာတ်ကားထဲက ဇာတ်ရုပ်ကို မမြင်ဘဲ အပြင်က သူ့ရဲ့ အသက်အရွယ်နဲ့ သူ့အပြင် ပုံစံနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ကြတာ မျိုးလည်းရှိ တယ်။ ဥပမာ “မျက်လုံးလေး ကလယ်ကလယ်” ကို ကြည့်လိုက်တော့ ဒါရိုက်တာရဲ့ ကြိုးစားအားထုတ်မှုကို တော့ အသိအမှတ် မပြုလို့ မရဘူး။ အဲဒီကားမှာ ရိုက်ချက်တွေ၊ လိုက်တင် တွေက တော်တော်
လေး ကြိုးစားထားတာ တွေ့ရတယ်။

ပြောစရာ ဖြစ်တဲ့ တစ်ဆင်း (န်)၊ နှစ်ဆင်း(န်)နဲ့ ပတ်သက်ရင် အမြင်ချင်း မတူကြတာပေါ့။ ကိုယ်တို့ဆီက ယဉ်ကျေးမှု၊ ဓလေ့ စရိုက်နဲ့ ဆင်ခြင်
စရာလေးတွေလည်း သွားမြင်မိတယ်” လို့လက်ရှိ ဝေဖန်မှု တွေ ထွက်ပေါ်
နေတဲ့ မျက်လုံးလေး ကလယ်ကလယ် ဇာတ်ကားနဲ့ပတ်သက်ပြီး လူမင်းက ထည့်သွင်းပြော ပြခဲ့ပါတယ်။

အနုပညာ ဖန်တီးတဲ့အခါ ဇာတ် ကားတွေကို သတ်မှတ်ချက်ပေး ဖို့ လိုအပ်လာပြီလို့ ပြောပြတဲ့ လူမင်းက “ကိုယ်တို့ အမှုဆောင် အဖွဲ့သစ်တက် ကတည်းက ဒီအချက်ကို ဆွေးနွေးဖူး တယ်။ ဒါရိုက်တာ မောင်မျိုးမင်းက ၁၈နှစ်အောက် မကြည့်ရ ဆိုပြီး သူ့ ဘာသာ သတ်မှတ်ပြီး ကားတစ်ကား ရိုက်ခဲ့ဖူးတယ်။ အဲဒါလေး ဂျာနယ်မှာ ဖတ်လိုက်ရတယ်။ သူက သူ့ကားကို သူ့ဘာသာ သတ်မှတ်တာလေ။ အဲဒီလိုကိုယ်တို့ ဆီမှာ သတ်မှတ်ချက်
ပေးဖို့ လိုလာပြီလို့ တင်ပြဖူးတယ်။

ဘာလို့လဲ ဆိုတော့ ဆင်ဆာဘက်ကလည်း အချက်အလက်တွေ လျော့ပေါ့
ပေးလာတဲ့အခါ လွတ်လပ်ခွင့် ရလာတာ နဲ့အမျှ ရိုက်တဲ့ သူတွေဘက်က လည်း ရိုက်ရဲလာကြပြီ။ အခု က သားသမီး ၊မောင်နှမအတူ ထိုင်ကြည့်ရင်း ဆက်ကြည့်လို့ မရတော့ဘူး ဆိုတာမျိုးက အကယ်၍ သတ်မှတ် ချက်ပေးထားတဲ့ ကားမျိုးဆို မကြည့် ရဘူးဆိုရင် ဝေဖန်စရာ မလိုတော့ ဘူးပေါ့။ အခု ပရိသတ်က မကြိုက် ဘူးဆို ဖေ့စ်ဘုတ်ပေါ်မှာ လွတ်လွတ် လပ်လပ်ရေးတယ်။ ဒါပရိသတ် ရဲ့တုံ့ပြန်မှုပေါ့။ ဒီအပေါ်မှာ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေက ဆင်ခြင် သင့်တယ်ဆို ဆင်ခြင်၊ ကိုယ့် အနု ပညာ ဖန်တီးမှု အ ပေါ် ယုံကြည်တယ် ဆိုရင်လည်း ဖန်တီး ပေါ့။ ဒါဆို ပရိသတ်နဲ့ ဖန်တီးသူ balance လုပ်ပြီးသား ဖြစ်သွားပြီ။ ဒီလိုအခြေ အနေက သတ် မှတ်ဖို့ လိုပြီဆိုပြီး မီးမောင်း ထိုးပြလိုက်တာလို့ မြင်တယ်” လို့ ပြောပြခဲ့ ပါတယ်။

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...