အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

အများသုံးသန့်စင်ခန်းများ စည်းကမ်းလိုက်နာမှုရှိ/မရှိ စစ်ဆေးအရေးယူမည်

စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်မြို့တွင်းရှိ အများပြည်သူသုံးသန့်စင်ခန်းများကို လိုက်လံစစ်ဆေး မည်ဖြစ်ကာ ချမှတ်ထားသော စည်ကမ်းချက်များနှင့် ညီညွှ့တ်မှုမရှိလျှင် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
စစ်ဆေးရာတွင် ချမှတ်ထားသော စည်းကမ်းချက်များဖြစ်သည့် သန့်စင်ခန်းအတွင်းပါရှိမည့် အသုံးဆောင် ပစ္စည်းများ ပြည့်စုံမှုရှိရမည်၊ ပျက်စီးနေခြင်း မရှိရ၊ ကျန်းမာရေးနှင့် ကိုက်ညီမှုရှိရမည်၊ သန့်ရှင်းမှု ရှိရမည် အစရှိသည့် အချက်များကို အဓိကထားစစ်ဆေးသွားမည်ဖြစ်ကြောင်း ကိုလည်းသိရသည်။

“ကျွန်တော်တို့အနေနဲ့ ကြုံရင်ကြုံသလို ၀င်စစ်မယ်။ ပုံမှန်ကိုတော့ နှစ်ရက်ခြား၊ သုံးရက်ခြားတစ်ခါ အနည်းဆုံး စစ်မယ်။ အရေးယူမှုကို ပထမတစ်ခါ စည်းကမ်းဖောက်ရင် စာနဲ့သတိပေးမယ်။ ဒုတိယအကြိမ်ဆို ဒဏ်ကြေး (၅၀၀၀၀) တတိယအကြိမ်ဆိုရင်တော့ ကန်ထရိုက်ကို ဆက်ပြီးလုပ်ကိုင်ခွင့်ကို သိမ်းတဲ့အထိ အရေးယူမှုတွေ လုပ်သွားမယ်။”ဟု စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးရဲကျော်မိုးက ပြောသည်။

စည်းကမ်းချက်များနှင့်ကိုက်ညီမှုမရှိသည့် အများသုံးသန့်စင်ခန်းများကို သတိပြုမိပါက ပြည်သူများ အနေဖြင့် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန (ဖုန်း-၀၁ ၂၄၆၅၇၁) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကို ၄င်းက ဆက်ပြောသည်။

“စည်ပင်က လာစစ်စစ် မစစ်စစ် ကုမ္ပဏီက နေ့တိုင်းလာစစ်တယ်။ကျွန်တော် အနေနဲ့ ဒီထဲက ပစ္စည်းတွေ ပျက်ရင် ကုမ္ပဏီကို ချက်ချင်းအကြောင်းကြားတယ်။ ချက်ချင်းပဲ လိုအပ်တာတွေ လာလုပ်ပေးတယ်” ဗိုလ်အောင်ကျော်လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ သန့်စင်ခန်းဦးနိုင်ထွေးက ပြောသည်။

အဆိုပါ အများသုံး သန့်စင်ခန်းများကို မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် ပုဂ္ဂလိက ကုမ္ပဏီများ အကျိုးတူ ပူပေါင်းကာ တင်ဒါစနစ်ဖြင့်ခေါ်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး အများသုံးအိမ်သာများတွင် တစ်ဦးလျှင် ၁၀၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်းကိုလည်း ရန်ကုန်စည်ပင်သာယာရေးကော်မတီက သိရသည်။

“အရင်ကထက်စာရင် အများသုံးအိမ်သာတွေမှာ ၀င်သုံးရတာ ပိုပြီး အဆင်ပြေလာတယ်၊ သန့်ရှင်းမှု ကောင်းကောင်းနဲ့ တခြားပစ္စည်းတွေ အစုံအလင်ထည့်ပေးထားတော့ စိတ်ချမ်းသာတယ်၊ ဒီလို စနစ်လေးကို ရည်ရှည်ဖြစ်အောင် ထိန်းသိမ်းပေးမယ့် အစီအစဉ်တွေကို လုပ်ပေးတာကောင်းပါတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ ကိုနေမင်းက ပြောသည်။

အများပြည်သူသုံး သန့်စင်ခန်းများကို ၂၀၁၃ ခုနှစ် မတ်လ (၉)ရက်နေ့တွင် စတင်ခွင့်ပြုကာ ဆောက်လုပ်ခြင်း ဖြစ်ပြီး လက်ရှိချိန်တွင် စည်းကမ်းမဲ့ သန့်စင်ခန်းများမရှိသေးကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီထံက သိရှိရသည်။

အများသုံးသန့်စင်ခန်း တည်ဆောက်ခြင်းလုပ်ငန်များကို စည်ပင်သာယာရေးကော်မတီမှ တင်ဒါစနစ်ဖြင့် ခေါ်ယူပြုလုပ်ခြင်း ဖြစ်ပြီး ရန်ကုန်မြို့တွင် သန့်စင်ခန်း အသေး (၃၆)လုံးနှင့် အကြီး (၈)လုံး ရှိရာ ဆက်လက်၍လည်း တည်ဆောက်ရန် အစီအစဉ်ရှိကြောင်းကို သိရှိရသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...