အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

တာဝေးပစ် ဒုံးကျည်ပစ် စင်များ အီရန်ထပ်မံ တပ်ဖြန့်ချထား

အီရန်နိုင်ငံသည် တာဝေးပစ်ဒုံးကျည် ပစ်စင်များကို ထပ်မံတပ်ဖြန့်ချ ထားရှိကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနက မေ ၂၆ ရက် တွင်ထုတ်ပြန် ကြေညာခဲ့သည်။ အီရန် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များသို့
လက်နက်များ ထပ်မံ ပေးပို့ခြင်းသည် တပ်ဖွဲ့ဝင်များအား မြေပြင်မှ မြေပြင်ပစ် တာဝေးပစ် ဒုံးကျည်များကို အသုံးပြု၍ရန်သူများကို နှိမ်နင်းရန် အတွက် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး အာမက်ဗာဟီဒီ က ပြောကြား ခဲ့သည်။

သို့ရာတွင် ဖြန့်ကြက် ချထားခဲ့သည့် ဒုံးကျည် အမျိုးအစားကို ဖော်ပြခြင်း မရှိသည့် အပြင် ဒုံးပစ်စင် အရေအတွက်ကိုလည်း အသေးစိတ် ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။ အီရန်နိုင်ငံ၏ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များသည် အကွာအဝေး ၂ဝဝ ကီလိုမီတာခန့် အထိ ပစ်ခတ်နိုင်စွမ်း ရှိကြောင်း သိရပြီး ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိကန် စစ်အခြေစိုက် စခန်းများကိုလည်း ပစ်ခတ်နိုင်စွမ်းရှိ ကြောင်းသိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...