အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

တံငါသည်သတ်မှုနဲ့ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်ကြား အခြေအနေတင်းမာ

ထိုင်ဝမ်နိုင်ငံသား တံငါသည်တစ်ဦးကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပစ်သတ်လိုက်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ပြီးနောက် ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်နိုင်ငံကြား တင်းမာမှုတွေ ဖြစ်နေပါတယ်။
ဒီကိစ္စကို ဖြေရှင်းဖို့ ဖိလစ်ပိုင်နိုင်ငံက စုံစမ်းစစ်ဆေးရေးသမား ၈ ယောက် ထိုင်ဝမ်နိုင်ငံကို သွားရောက်နေပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပတ်ခတ်တာကို ခံရတဲ့ ငါးဖမ်းလှေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။ အဲ့ဒါအပြင် ပစ်ခတ်မှုကို တွေ့ရှိခဲ့တဲ့ တခြားမျက်မြင်သက်သေ တံငါသည်တွေနဲ့လည်း တွေ့ဆုံမေးမြန်းခွင့်ရရှိမှာဖြစ်ပေမယ့် သေဆုံးသူကိုတော့ ခွဲစိတ်စမ်းသပ်ခွင့်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

သေဆုံးသူရဲ့ အလောင်းကို စမ်းသပ်ခွင့်မရတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ထိုင်ဝမ်နိုင်ငံရဲ့ ပြောပြချက်တွေကိုသာ သိရတော့မယ်လို့ ဖိလစ်ပိုင် စုံစမ်းရေးအဖွဲ့က ပြောလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက စုံစမ်းရေးသမားတွေ ထိုင်ဝမ်နိုင်ငံကို ရောက်ရှိနေချိန်မှာပဲ ထိုင်ဝမ်နိုင်ငံကလည်း ပစ်ခတ်မှုမှာ ပါဝင်တဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် သင်္ဘောကို သွားရောက် လေ့လာဖို့နဲ့ ဖိလစ်ပိုင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျဉ်ဆံအမျိုးအစား နမူနာနဲ့ သေဆုံးသူကိုယ်ပေါ်က ရရှိတဲ့ အမျိုးအစားနမူနာကို ယှဉ်ပြီး စမ်းသပ်ဖို့အတွက် ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေကြောင်း သိရပါတယ်။ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ် စုံစမ်းရေးသမားတွေရဲ့ တွေ့ရှိချက်တွေကို ဖလှယ်ကြဖို့လည်း နှစ်နိုင်ငံအစိုးရက သဘောတူထားကြောင်း အေဘီစီသတင်းထောက်က မနီလာမြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia
ထိုင်ဝမ်နိုင်ငံ စုံစမ်းရေးအဖွဲ့က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပတ်ခတ်ခြင်း ခံရတဲ့ ငါးဖမ်းလှေကို သွားရောက်လေ့လာ (Credit: ABC)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...