အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

အချစ်ရေးပြန်လည်တည်ဆောက်ရန် ဘီဘာနှင့်ဂိုမက်ဇ် ဆန္ဒရှိ

လမ်းခွဲထားပြီးဖြစ်သော လူငယ် အနုပညာရှင် စုံတွဲသည် ယခုအခါ အစမ်းသပ်ခံ ကာလတစ်ခု သတ်မှတ်ကာ ပြန်တွဲနေရန် အပြန်အလှန် သဘောတူညီထားကြောင်း သတင်းများက ဆိုသည်။
ဂျက်စတင်ဘီဘာနှင့် ဆယ်လီနာဂိုမက်ဇ်တို့ အနေဖြင့် ၎င်းတို့၏ အချစ်ရေးကို ပြန်လည် တည်ဆောက်ရန် ဆန္ဒရှိနေပြီး ယခုအခါ အစမ်းသပ်ခံအဆင့် ဆက်ဆံရေး တစ်ခုအတွက် သဘောတူထားကြောင်း သိရှိရသည်။ လမ်းခွဲထားပြီးဖြစ်သော လူငယ် အနုပညာရှင် စုံတွဲသည် ယခုအခါ အစမ်းသပ်ခံ ကာလတစ်ခု သတ်မှတ်ကာ ပြန်တွဲနေရန် အပြန်အလှန် သဘောတူညီထားကြောင်း သတင်းများက ဆိုသည်။

ဆယ်လီနာ အနေဖြင့် လမ်းခွဲခဲ့စဉ် ကာလက နာကျင်မှုမျိုးကို ထပ်မံကြုံတွေ့ရန် စိုးရိမ်လျှက် ရှိပြီး ယင်းအတွက် အလေးအနက် ဆုံးဖြတ်ချက်တစ်ခု မပြုလုပ်မီ ကနေဒါ ဆယ်ကျော်သက် Popဂီတ ကြယ်ပွင့်နှင့် အစမ်းသပ်ခံ ကာလတစ်ခု ပြန်တွဲရန် စဉ်းစားထာခြင်းဟု သိရသည်။ ဆယ်လီနာနှင့် နီးစပ်သူ အချို့က ယခုကိစ္စကို နှစ်ဦးနှစ်ဖက် သဘောတူခဲ့ခြင်းဟု ဆိုသည်။

"ဂျက်စတင်နဲ့ ဆယ်လီနာတို့က ပြန်တော့တွဲနေတယ်။ ဒါပေမဲ့ တဖြည်းဖြည်းပဲ ချဉ်းကပ်သင့်တယ် ဆိုတာကို နှစ်ယောက်လုံး သိကြတယ်လေ။ ခုဆို သူတို့တူတူ ပြန်ရှိနေပြီ။ သူတို့ချင်း အဆင်မပြေမှုတွေ ရှိခဲ့ဖူးတယ် ဆိုတာကို နှစ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ ဖြတ်သန်းမှုကနေ အတွေ့အကြုံတွေ ယူခဲ့တယ်။ ခုချိန်မှာ နှစ်ယောက်စလုံးက အချစ်ရေးကို ပိုရင့်ကျက်တဲ့ အမြင်မျိုးနဲ့ တည်ဆောက်ချင်တယ်။ ဆယ်လီနာက နာကျင်မှုတွေ ကြုံပြီးပြီ။ ဒီတော့ ခုလောလောဆယ် ဆက်ဆံရေးဟာ စမ်းသပ်မှု တစ်ခုကနေ တစ်ဆင့်တက်တာမျိုးကို ပိုလိုလားနေတယ်"ဟု ဆယ်လီနာ၏ မိတ်ဆွေအချို့က HollywoodLifeသို့ ပြောဆိုသွားသည်။

ဆယ်လီနာနှင့် ရင်းနှီးသူ တစ်ဦးက "သူတို့ချင်း ပထမဆုံး ချစ်သူဖြစ်ကြတော့ အံ့ဩပျော်ရွှင်စရာတွေ ကြုံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်က အရမ်းငယ်သေးသလို တောင်းဆိုမှုကလည်း သိပ်များကြတယ်လေ။ ပြောရရင် ချစ်ခြင်းမေတ္တာ ဆိုတာနဲ့ ပတ်သက်ပြီး ဆယ်လီနာ အနေနဲ့ အရောရော အထွေးထွေး ဖြစ်ခဲ့ပုံပဲ"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...