အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

ဂွ-ငါးသိုင်းချောင်းလမ်းတောင်ပြို၊ ခရီးကြန့်ကြာမှုများဖြစ်

ရခိုင်ပြည်နယ် တောင်ပိုင်းနှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ပေးထားသည့် ဂွ-ငါးသိုင်းချောင်း လမ်းသည် မိုးရာသီ မိုးကြီးချိန်များတွင်တောင်ပြိုမှုများ ဖြစ်ပွားလျက်ရှိပြီး ရန်ကုန်မှ ဂွ၊ သံတွဲသို့ သွားသည့်
ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များသည် မကြာခဏ ခရီး ကြန့်ကြာမှုများ ဖြစ်နေကြောင်း သိရသည်။အဆိုပါလမ်းသည် တစ်လမ်းမောင်း ဖြစ်သည့်အပြင် အကွေ့အကောက်များ များပြားလွန်းသည့်အတွက် မိုးရာသီတွင် အလွန် အန္တရာယ်များကြောင်း ဂွ-ငါးသိုင်းချောင်းလမ်းတွင် ပုံမှန် မောင်းနှင်နေသော ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။“အတက်ကားနဲ့ အဆင်းကား ထိပ်တိုက်တွေ့တဲ့ ကွေ့တွေဆို အရမ်း သတိထားရတယ်။ တစ်လမ်းမောင်းဖြစ်တဲ့အတွက် အတက်ရော အဆင်းရော ဆင်းလို့မရ တက်လို့မရတွေ ဖြစ်ကုန်ပြီး တစ်ခါတစ်ရံတစ်ရက်လုံးလုံးလမ်းမှာအချိန်ကုန်သွားတာတွေလည်း
ရှိတယ်”ဟု အဆိုပါ ယာဉ်မောင်းက ပြောကြားသည်။မိုးပြင်းထန်စွာ ရွာသွန်းသည့် အချိန်များတွင် အဆိုပါလမ်း၏ အချို့နေရာ များတွင် တောင်ပြိုမှုများ ဖြစ်ပေါ်ကာ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရက်နှစ်ဆယ်ခန့် ထိ လမ်းပိတ်မှုများ ရှိခဲ့ကြောင်း ဂွမြို့သားတစ်ဦးကပြောကြားသည်။
ဂွ- ငါးသိုင်းချောင်းလမ်းသည် မိုင်အားဖြင့် ၅၇ မိုင် ရှည်လျားပြီး ယင်းလမ်း တစ်လျှောက်တွင် မော်တော်ယာဉ်များသည် ဘရိတ်ပေါက်ကာ ချောက်ထဲသို့ မကြာခဏ ပြုတ်ကျလေ့ရှိကြောင်းလည်း
သိရသည်။

ရည်မွန်
မြန်မာ့ခေတ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...