အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

ပြင်ဦးလွင်ဝန်းကျင်ရှိ ရေတံခွန်များတွင် သိသိသာသာ ရေနည်းပါးနေ

ပြင်ဦးလွင်မြို့တွင် ယခုနှစ်၌ မိုးရွာသွန်းမှု လျော့နည်းခြင်းကြောင့် မြို့ပေါ်ရှိ ချောင်းများနှင့် အပန်းဖြေခရီးသွား ဧည့်သည်အများဆုံး လာရောက်လည်ပတ်သည့် ပွဲကောက်ရေတံခွန်နှင့် ပိတ်ချင်းမြောင်ရေတံခွန်များတွင် ရေနည်းပါးလာကြောင်း သိရသည်။''ပွဲကောက်ရေတံခွန်မှာ ကဆုန်လပြည့်ဆိုရင် ရေပြည့်နေပြီ။ ဒီနှစ်မိုးမရွာတဲ့အတွက် တောင်ကျရေ မရှိတော့ ရေနည်းတာ သိသာလာတယ်။ ရေတိမ်ပြီးအောက်က အနည်တွေကြောင့် ရေနောက်တယ်။
ဒီနှစ်မိုးခေါင်ပြီး ရွာတဲ့မိုးကလည်း ရေမပါဘူး။ သစ်ပင်နည်းသွားတာလည်းပါမယ်။မြို့နဲ့နီးတဲ့ရွာတွေက မြေဈေးကောင်းတော့ ရောင်းပြီး နောက်ထပ်တောင်တွေပေါ်မှာ အပင်ခုတ် စိုက်ပျိုးကြတော့ နေ့ခင်းဆိုရင် မန္တလေးလိုပဲ ပူနေပြီ'' ဟု ပွဲကောက်ရေတံခွန်တွင် အမှတ်တရ ပစ္စည်းရောင်းချသူ တစ်ဦးက ဆိုသည်။

''ဧည့်သည်တွေ အများဆုံးလာတဲ့ ပွဲကောက်လို ရေတံခွန်မှာတော့ ရေ
အမြဲတမ်းရှိအောင် ထိန်းထားနိုင်ရင် ကောင်းတာပေါ့။ အခုရေက တစ်နှစ်
ထက်တစ်နှစ် လျော့လျော့လာတော့ လပြည့်နေ့လို လူပြည့်တဲ့နေ့တွေဆို
ရေတိမ်ပြီး ရေနောက်တယ်။ နှစ်စဉ်ရာသီဥတု ဘယ်လိုပဲရှိရှိ ပြင်ဦးလွင်က
ရေတံခွန်တွေ သိသိသာသာ ရေလျော့နည်းတာမျိုး မကြုံဖူးဘူး'' ဟု ပြင်ဦးလွင် ဒေသခံတစ်ဦးက ပြောကြားသည်။

မိုးရွာသွန်းမှု မရှိသောကြောင့် ဒေသစိုက်ပျိုးရေး လုပ်ငန်းများလည်း အဆင်မပြေမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဒေသထွက်ကုန် ဈေးနှုန်းများမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်ကြောင်း သိရသည်။

ယခုနှစ်တွင် မိုးကောင်းကောင်း ရွာသွန်းခြင်း မရှိသောကြောင့် ပြင်ဦးလွင်
မြို့ရှိ ဂဲလောက်ချောင်း၊ ကန်တော်လေး၊ ပွဲကောက်နှင့် ပိတ်ချင်းမြောင်
ရေတံခွန်များတွင် သိသာစွာ ရေလျော့နည်းလျက်ရှိကြောင်း သိရသည်။

EMG

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...