ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဗဟိုကော်မီတီနှစ်ပတ်လည်
အစည်းအဝေးကို ရခိုင် ပြည်နယ် အမ်းမြို့တွင် မေလ ၂၇ ရက်နေ့က
စတင်ကျင်းပနေပြီ ဖြစ်သည်။
နှစ်ပတ်လည် အစည်းအဝေး ကျင်းပသွားမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ပါတီဥက္ကဌ ဒေါက်တာအေးမောင်က နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့က ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၃၀ ရက်နေ့မှာတော့ အမ်း မြို့မိမြို့ဖတချို့နဲ့ ပါတီအပေါ်မှာ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ကြား ပြီးတော့ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ဖို့ ရည်ရွယ်ထားပါ တယ်။ အချိန်ရရင်တော့ ၃၁ ရက်နေ့မှာ ကျေးရွာတွေကို သွားပြီး ဆွေးနွေးပွဲ လုပ်သွားဖို့ စီစဉ်ထားပါတယ်။”
ယမန်နေ့ကျ ပြုလုပ်ခဲ့သော မျက်နှစ်စုံညီအစည်းအဝေး ပထမနေ့တွင် မြို့နယ်များ၏ လုပ်ငန်း အစီရင်ခံစာများကို ဖတ်ကြားခဲ့ပြီး ယနေ့တွင် ရခိုင်ပြည်သူများတောင်းဆိုေ နသည့် နှစ်ပါတီ ပူးပေါင်းရေးနှင့် တခြားကိစ္စများကို ဆွေးနွေးသွားမည်ဟု ဒေါက်တာအေးမောင်က ပြောသည်။
“ အာဂျင်တာတွေက အများကြီးပါ။ မြို့နယ်တွေရဲ့ လုပ်ငန်းအစီရင်ခံစာကို မနေ့က ဖတ်ပြီးပြီ။ ဒီနေ့တော့ခါ နှစ်ပါတီ ပူးပေါင်းရေး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နှင့်
ပူးပေါင်းရေးဆိုတဲ့ လူထုရဲ့ တောင်းဆိုချက်ကို ကျွန်တော်တို့ ပါတီက
ဘယ်လိုချည်းကပ်မလဲ၊ Road Map သဘောမျိုးကို ကျွန်တော်တို့ ဆွေးနွေးမှာ
ဖြစ်တယ်။ နောက် ကျွန်တော်တို့ ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းမှာ ဖြည့်သင့်တဲ့
အချက်အလက်တွေကို ဆွေးနွေးဖို့ရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့
ဆွေးနွေးမယ်။ ရခိုင်ပြည်ရေးရာနဲ့ပတ်သက်လို့
ဥပမာ မဒေးကျွန်းမှာ လုပ်နေကြတဲ့ တရုပ်၊ အိန္ဒိယတို့နဲ့ လုပ်နေတဲ့
ကုမ္ပဏီတွေအပေါ်မှာ ကျွန်တော်တို့ ပါတီရဲ့ သဘောထားတွေကို ဆွေးနွေး သွားမှာ
ဖြစ်ပါတယ်။”
နှစ်ပါတီ ပူးပေါင်းရေးနှင့်ပတ်သက်ပြီး ယခုမျက်နှာစုံညီအစည်းအဝေးတွ င် ပူးပေါင်းရေး မူတခု ချမှတ်ပြီး ပူးပေါင်းရေး လမ်းကြောင်းကို ဆက်လက်သွားမည်ဟု ဒေါက်တာအေးမောင်က ပြောသည်။
“ ကျွန်တော်တို့က မူတခု ချမှတ်ပြီးတော့ အဲဒီမူထဲက ဖြစ်နိုင်ခြေရှိအောင် လုပ်သွားမယ်။ ကာလတခု အရောက်မှာ ပူးပေါင်းနိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ပူးပေါင်းဖို့ လမ်းကြောင်းကို သွားဖို့ အစီအစဉ် ချထားပါတယ်” ဟု ဆိုသည်။
ယခုကျင်းပနေသော ရတပ ပါတီ နှစ်ပတ်လည် ဗဟိုကော်မီတီအစည်းအဝေးကို ဗဟိုကော်မီတီဝင်များ သာမက မြို့နယ်အသီးသီးမှ ဥက္ကဌများကို လေ့လာသူအဖြစ် ပိတ်ကြားထားရာ စုစုပေါင်း ၆၀ ခန့် တက်ရောက်နေသည် ဟု သိရသည်။
၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ရခိုင်ပြည်နယ် အနှံ့အပြားတွင် အနိုင်ရရှိခဲ့သော်လည်း ယခု နှစ်ပတ်လည် ဗဟို ညီလာခံ ကျင်းပနေသော အမ်းမြို့နယ်တွင် လွှတ်တော်နေရာ အားလုံး၌ ကြံ့ခိုင်ရေးပါတီအား ရှုံးနိမ့်ခဲ့သည်။
နိရဉ္စရာ
မောင်ရမ္မာ
နှစ်ပတ်လည် အစည်းအဝေး ကျင်းပသွားမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ပါတီဥက္ကဌ ဒေါက်တာအေးမောင်က နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့က ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၃၀ ရက်နေ့မှာတော့ အမ်း မြို့မိမြို့ဖတချို့နဲ့ ပါတီအပေါ်မှာ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ကြား ပြီးတော့ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ဖို့ ရည်ရွယ်ထားပါ တယ်။ အချိန်ရရင်တော့ ၃၁ ရက်နေ့မှာ ကျေးရွာတွေကို သွားပြီး ဆွေးနွေးပွဲ လုပ်သွားဖို့ စီစဉ်ထားပါတယ်။”
ယမန်နေ့ကျ ပြုလုပ်ခဲ့သော မျက်နှစ်စုံညီအစည်းအဝေး ပထမနေ့တွင် မြို့နယ်များ၏ လုပ်ငန်း အစီရင်ခံစာများကို ဖတ်ကြားခဲ့ပြီး ယနေ့တွင် ရခိုင်ပြည်သူများတောင်းဆိုေ
“ အာဂျင်တာတွေက အများကြီးပါ။ မြို့နယ်တွေရဲ့ လုပ်ငန်းအစီရင်ခံစာကို မနေ့က ဖတ်ပြီးပြီ။ ဒီနေ့တော့ခါ နှစ်ပါတီ ပူးပေါင်းရေး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
နှစ်ပါတီ ပူးပေါင်းရေးနှင့်ပတ်သက်ပြီ