ရန်ကုန်-တိုင်ပေခရီးစဉ်
ပြေးဆွဲသည့် EVA Airline သည် ခရီးသည်မရရှိမှုကြောင့် မြန်မာနိုင်ငံသို့
တိုက် ရိုက်ပြေးဆွဲသည့် လေကြောင်းခရီးစဉ်အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ယင်းလေကြောင်း၏ မြန်မာနိုင်ငံ ရုံးခွဲမှ အမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။
အဆိုပါလေကြောင်းလိုင်း၏ မြန်မာနိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲ သည့် နောက်ဆုံးခရီးစဉ်အား မေလ ၂၅ ရက်နေ့တွင် ပျံသန်းခဲ့ကာ ဆက်လက်ပျံသန်းတော့မည် မဟုတ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ယင်းက ''ဒီမှာလာလုပ်တာ ခုနစ်လလောက်ရှိပါတယ်။ ခရီးသည် အခြေအနေတိုးတက်မှု မရှိလို့ ကျွန်တော်တို့ ပျံသန်းမှုကို ရပ်နားလိုက် တာပါ။ လေယာဉ်ဝင်မှုမရှိပေမယ့် အွန်လိုင်းကနေတော့ ပြည်ပခရီးစဉ်တွေကို လက်ခံဆောင်ရွက်မှာပါ'' ဟု မဇ္စိမသို့ ပြောကြားသည်။
အဆိုပါ EVA Airline သည် ၁၉၆ဝ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံသို့ တိုက်ရိုက်လေကြောင်းလိုင်း ခရီးစဉ်များကို နှစ်နှစ်ခန့်ပြေးဆွဲဖူးခြဲ့ ပီး
ဆီးဂိမ်းကာလတွင် လူအဝင်များမည်ဟု မျှော်မှန်းကာ ဒုတိယအကျော့အဖြစ် ၂ဝ၁၂
ခုနှစ် အောက်တိုဘာလ ၉ရက်တွင် စတင်ကာ ရန်ကုန်-တိုင်ပေမှတစ်ဆင့်
အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံများသို့ ဆက်စပ်ပြေးဆွဲသည့်လေကြောင်း ခရီးစဉ်များ ကို ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း အထက် ပါတာဝန်ရှိသူက မဇ္ဈိမသို့ ဆက်လက်ပြောကြားသည်။
Mizzima News
အဆိုပါလေကြောင်းလိုင်း၏ မြန်မာနိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲ သည့် နောက်ဆုံးခရီးစဉ်အား မေလ ၂၅ ရက်နေ့တွင် ပျံသန်းခဲ့ကာ ဆက်လက်ပျံသန်းတော့မည် မဟုတ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ယင်းက ''ဒီမှာလာလုပ်တာ ခုနစ်လလောက်ရှိပါတယ်။ ခရီးသည် အခြေအနေတိုးတက်မှု မရှိလို့ ကျွန်တော်တို့ ပျံသန်းမှုကို ရပ်နားလိုက် တာပါ။ လေယာဉ်ဝင်မှုမရှိပေမယ့် အွန်လိုင်းကနေတော့ ပြည်ပခရီးစဉ်တွေကို လက်ခံဆောင်ရွက်မှာပါ'' ဟု မဇ္စိမသို့ ပြောကြားသည်။
အဆိုပါ EVA Airline သည် ၁၉၆ဝ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံသို့ တိုက်ရိုက်လေကြောင်းလိုင်း ခရီးစဉ်များကို နှစ်နှစ်ခန့်ပြေးဆွဲဖူးခြဲ့
Mizzima News