အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

မြစ်ကြီနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးအခြေအနေ

ယနေ့ မေ ၂၈ နံနက် ၉ နာရီမှ စတင်ပြီး မနောကွင်းရှိ မဂျွယ်ခန်းမဆောင်တွင် ဆွေးနွေးပွဲ စတင်ဆွေးနွေးလျက်ရှိသည်။အဆိုပါဆွေးနွေးပွဲ နှစ်ဖက်ကိုယ်စားလှယ်များ ကုလအထူးကိုယ်စားလှယ် VJ.Nambia တို့အဖွဲ့များ၊ လွတ်တော် ကိုယ်စားလှယ်များ၊ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တရုတ် ကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးလျက်ရှိသည်“ကျွန်တော်တို့ ဒီနေ့မြစ်ကြီးနားမြို့တွင် ဆွေးနွေးပွဲ ကျင်းပခြင်း ဟာ ကျွန်တော်တို့ ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းသွားလို့ မဟုတ်ပါဘူး။ဆွေးနွေးဖြေရှာဖို့ ဒီဆွေးနွေးပွဲကို တက်ရောက်လာခြင်း ဖြစ်တယ်။”ဟုဒုဗိုလ်ချုပ်ဂွန်မော်ကို အဖွင့်ပွဲအမှာစကားပြောရာတွင် ထည့် သွင်းပြောဆိုခဲ့သည်။
၅၃ နှစ်လုံးလုံး စစ်တိုက်နေတာဟာ လက်နက်အင်အား တောင့်တင်းလို့ တိုက်နေရခြင်း မဟုတ်ကြောင်း စနစ်မှားနေလို့ တိုက်ခိုက်နေရခြင်းသာ ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ဂွန်မော် မှဆက်လက်ပြောကြားသည်။

KIO ကိုယ်စားလှယ်များမှ မေ ၂၉ ရက်နေ့တွင် ကချင်ပြည်နယ်ဒေသခံများနှင့် တွေ့ဆုံပြီး အကြံအညဏ်များယူကာ ၃၀ ရက်နေ့မှ နှစ်ဖက်အဖွဲ့မှ ပြန်လည်ဆွေးနွေးမည် ဖြစ်သည်။ ဆုံးဖြတ်ချက်များကိုလူထုတွေ နှင့် တွေ့ဆုံပြီး ၃၀ ရက်နေ့မှ ချမှတ်သွားဖို့ ရှိကြောင်းလည်း သိရသည်။
UN ကိုယ်စားလှယ်များ တိုင်းရင်းသား မဟာမိတ် ခေါင်းဆောင်များနှင့်လည်း သီးသန့်တွေ့ဆုံသွားမည် ဖြစ်ကြောင်းသိရသည်။

kachinwave

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...