ခင်လေးနွယ်က
သရုပ်ဆောင်အလုပ်ကိုနားလိုက်ပြီး ဂီတဘက်ကို ပိုပြီးလုပ်ဖြစ် နေခဲ့ပါတယ်။
သီချင်းဆိုတာနဲ့ပတ်သက်ပြီး သရုပ်ဆောင် လုပ်တုန်းကနဲ့ ဘယ်လိုကွာခြား သွားလဲ၊
ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲလို့မေးကြည့်တော့..”နှစ်ခုလုံးက ခက်ခဲ တယ်။
ကားရိုက်တာ က နေ့စဉ်လုပ်နေကျအလုပ်။ သီချင်းကျတော့ ဆိုရက်ရှိမှဆိုရတာ။
ဒါပေမဲ့ အသံသွင်းတဲ့ရက်ဆိုရင် အဆိုဘက်မှာ ကိုယ်သင်ခဲ့တာမရှိတော့
အခက်အခဲတော့ အများကြီးရှိတယ်” လို့ ပြောပါတယ်။ ရုပ်ရှင်
သရုပ်ဆောင်တွေမှာလည်း ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်တွေရှိသလို အဆိုတော်တွေ
မှာလည်း ကိုယ်ပိုင်အသံ၊ ကိုယ်ပိုင်ပေါက် သီချင်းတွေ ရှိကြပါတယ်။
ခင်လေးနွယ်ကော ကိုယ်ပိုင်စတိုင်နဲ့ ကိုယ်ပိုင်သီချင်းကို ပရိသတ် ရှေ့ချပြ
ဖို့ရှိလားလို့ မေးကြည့်တော့ “ကိုယ်ပိုင်သီချင်းတော့
မရှိသေးဘူး။အဆိုတော်တွေရဲ့သီချင်းပဲ ဆိုတယ်။ သီချင်းတစ်ပုဒ်ဆိုတာကလည်း
ဇာတ်ကား တစ်ကားရိုက်နေရသလိုပါပဲ။ သီချင်းစာသားတွေကို ခံစားချက်အပြည့်နဲ့
စိတ်ပါအောင်ဆိုရင် ကောင်းတယ်။ ဒါလည်း ခက်ခဲတဲ့အလုပ်တစ်ခုပဲ။
ရှိုးပွဲတွေမှာဆို ပိုပြီးတော့ခက်ခဲတယ်။ ကိုယ်က သူများသီချင်းကို
ဆိုနေတာဆိုတော့ ဆိုထားတဲ့ပိုင်ရှင်ကိုတော့ ဘယ်မီမှာလဲ။ သိတာပေါ့။ ပရိသ
တ်တွေက နားလည်ပြီးသားပါ” လို့ ပြောပြခဲ့ပါတယ်။ တစ်ကိုယ်တော်ခွေထွက်ဖို့
ကြိုးစားနေပြီး သီချင်းတွေလည်းအပ်ထားကြောင်း၊ အတီးပိုင်း လည်း
အပ်ထားကြောင်း၊ စီဒီအရင်ထွက်မှာဖြစ်ကြောင်း၊ စီးပွားရေးဘက်ကိုလည်း
လုပ်ဖို့ရှိပြီး သေချာရင်တော့ အတည်တကျပြောပြမှာဖြစ်ေ ကြာင်း
ခင်လေးနွယ်ကပြောပါတယ်။
ထူးထူး
By Popular Myanmar
ထူးထူး
By Popular Myanmar