အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

ဘင်နီတက်ဇ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း နာပိုလီ အတည်ပြု ကြေညာ

အီတလီ စီးရီးအေ ကလပ် နာပိုလီသည် နည်းပြသစ် ရာထူးအတွက် ရာဖာ ဘင်နီတက်ဇ်ကို ခန့်အပ်ကြောင်း တရားဝင် ကြေညာလိုက်ပြီ ဖြစ်သည်။ချယ်လ်ဆီး အသင်းကို ယာယီ မန်နေဂျာ ရာထူးဖြင့် ယူရိုပါလိဂ် ဆုဖလား ရယူပေးခဲ့သည့်နောက် စပိန်သား မန်နေဂျာသည် အီတလီ ကလပ်သို့ ကူးပြောင်းလာခြင်း ဖြစ်သည်။ နာပိုလီ ဥက္ကဋ္ဌသည် ပြီးခဲ့သည့် သီတင်းပတ် ကတည်းက ဘင်နီတက်ဇ်ကို အသင်းနည်းပြ ရာထူးအတွက် ခန့်အပ်သွားမည် ဖြစ်ကြောင်း ဝန်ခံ ပြောဆိုထားခဲ့ပြီး ယခုအခါတွင်မူ အသင်းက တရားဝင် ကြေညာချက် ထုတ်ပြန် အတည်ပြုလာခြင်း ဖြစ်သည်။ ဘင်နီတက်ဇ်သည် နာပိုလီတွင် တစ်နှစ်လုပ်ခ ပေါင်စတာလင် (၃)သန်းဖြင့် (၂)နှစ် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် နှစ်ဝက်မျှ ကျင်လည်ခဲ့ပြီးနောက် ဘင်နီတက်ဇ်သည် စတေဒီယို ဆန်ပေါ်လိုတွင် နည်းပြဟောင်း ဝေါ်လ်တာ မက်ဇာရီ၏ လုပ်ငန်းတာဝန်များအား လက်လွှဲယူမည် ဖြစ်သည်။ ဘင်နီတက်ဇ်က "ကျွန်တော် ပျော်လည်းပျော်တယ်။ ကျေလည်း ကျေနပ်ပါတယ်။ နာပိုလီလို အစဉ်အလာကြီးမားတဲ့ ထိပ်သီး အသင်းတစ်ခုကို ကိုင်တွယ်ခွင့် ရလို့ပါ"ဟု ကလပ်အသင်း တရားဝင် ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ ၎င်းက "ဒီအသင်းနဲ့ နေပယ်လ်မြို့ရဲ့ သမိုင်းကြောင်း ခန့်ထည်မှုကို ကျွန်တော် သိပြီးသားပါ။ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းတဲ့ နေပယ်လ်ရဲ့ အရိပ်အငွေ့ကို ကျွန်တော် နားလည်ထားပါတယ်။ ပြီးတော့ နာပိုလီ ပရိသတ်ရဲ့ ဘောလုံးအပေါ် စွဲလန်း ရူးသွပ်မှုကိုရောပေါ့။ ဒီအချက်က ကျွန်တော့်ကို အင်မတန် စိတ်လှုပ်ရှားမိစေတယ် ဆိုတာကို ဝန်ခံရပါမယ်။ ကျွန်တော့်အတွက် အရမ်းအရမ်း ကောင်းမွန်တဲ့ အလုပ်တစ်ခုဆိုတာ သေချာပါတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

soccermyanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...