အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

မွေးပြီးပြီးချင်း အိမ်သာပိုက်ထဲ စွန့်ပစ်ခဲ့သည့် ကလေးအား ကယ်တင်နိုင်ခဲ့

တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များဟာ မွေးဖွားပြီးနောက် အိမ်သာ ပိုက်ထဲမှာ စွန့်ပစ်ခြင်း ခံရတဲ့ ကလေး ငယ် တစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ 
သတင်းဟာတရုတ်နိုင်ငံမှ ပြည်သူတွေအကြား ပျံ့နှံ့လျှက် ရှိပြီး ပြည်သူအပေါင်း၏ စိတ်ဆိုး 
ဒေါသထွက်မှုများလည်း ဖြစ်ပေါ် လျှက် ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားပါတယ်။
ထို့သို့ ကလေးအား စွန့်ပစ်ထားခြင်းဟာ တရုတ်နိုင်ငံ၊ Zhejiang ခရိုင်မှာ ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းက ဖြစ်ခဲ့ တာ ဖြစ်ပြီး အဆိုပါ အဆောက်အဦတွင် နေထိုင်သူများက ကလေးငိုသံ ကြားသဖြင့် တိုင်ကြား ခဲ့ရာမှ ကယ် ဆယ်ရေး အဖွဲ့များ ရောက်လာခဲ့ပြီး ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံက တန လာင်္နေ့မှာ ကြေငြာခဲ့ပါတယ်။

မီးသတ်အဖွဲ့ဟာ ကလေးငယ် ရှိနေတဲ့ ပိုက်ကို ဂရုတစိုက် ဖြတ်ထုတ်ပြီး အနီးဆုံး ဆေးရုံကို သယ်ဆောင် သွား ပါတယ်။ ဆေးရုံ ရောက်တော့ ဆရာဝန်များက ပိုက်ကို သေချာဖြတ်တောက်ပြီး ကလေးကို ကယ် ဆယ် ခဲ့ရပါတယ်။ ကလေးကတော့ အသက်ရှင်ပြီး ကျန်းကျန်းမာမာ ရှိတယ်လို့ ဆိုပါတယ်။

ကလေးကို အိမ်သာထဲမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ရဲ့ အသည်းနှလုံးဟာ မိလ္လာပိုက်ထက်ကို ညစ်ညမ်းတယ် လို့ တစ်ဦးက ဆိုပါတယ်။ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ အဆိုပါ ကိစ္စကို စုံစမ်းလျှက်ရှိပြီး မိခင်ဖြစ်သူကို သိတာနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မွေးပြီးစ ကလေးအား အိမ်သာကျင်းထဲ ပစ်ချသည့် မှုခင်း တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

FNG

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...