အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

မြောက်ကိုးရီးယား၏ ဆွေးနွေးပွဲဖြစ်မြောက်ရေး တောင်းဆိုမှုကို တောင်ကိုးရီယားငြင်းဆို

တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးယွန်ဗြောင်ဆေးကမြောက်ကိုးရီးယား၏နျူကလီးယားပယ်ရှားရေး
ဆွေးနွေးပွဲ ပြန်စရန်တောင်းဆိုမှုကို မြောက်ကိုးရီးယားတို့၏ ရိုးသားမှုသက်သေကို ကြည့်ရှုရန် ပထမဆုံးလိုအပ်ကြောင်းပြောကြားကာ ယနေ့ပယ်ချလိုက်သည်။
“ကျွန်တော်တို့ကတော့ ဆွေးနွေးပွဲလုပ်ဖို့ ဆွေးနွေးရတယ်ဆိုတာ မရှိသင့်
ဘူး” ဟု မစ္စတာယွန်က သမ္မတပါခ့်ဂွန်ဟီးအစိုးရသစ် တက်လာပြီး ချိန်မှစ၍ ၎င်း၏ပထမဆုံး သတင်းထောက်များနှင့် တွေ့ဆုံပွဲလုပ်စဉ် ပြောကြားသည်။

“ခုအရေးကြီးတာကတော့ မြောက်ကိုးရီးယားဘက်က သူတို့ရဲ့အတိတ်
ကာလ နျူကလီးယားရှင်းလင်းရေးလုပ်ဆောင်မှုတွေကို ပြန်လည်ဖြေ ရှင်းပြခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို သူတို့ရဲ့ရိုးသားမှုကို ပြသ
ရပါမယ်” ဟု ၎င်းကထပ်မံပြောကြားသည်။

ယခု တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်များသည် တရုတ်နိုင်ငံသို့ ခေါင်းဆောင်ကင်ဂျူံအန်၏ ကိုယ်ရေးကိုယ်တာ စာတစ်စောင်ကို တရုတ်သမ္မတထံ ပို့ပေးခဲ့သည့် မြောက်ကိုးရီးယားမှ အထူးသံတမန်သွားရောက်ပြီးချိန်တွင် ပြောကြားခြင်းဖြစ်သည်။

တရုတ်နိုင်ငံပိုင်မီဒီယာက ၎င်းစာတွင် နျူကလီးယားရှင်းလင်းရေးအတွက
ပြုလုပ်သည့် အချိန်ကြာမြင့်စွာရပ်နားထားခဲ့ရပြီးဖြစ်သော ခြောက်ပါတီ
ဆွေးနွေး ပွဲကို ပြန်စရန် မြောက်ကိုးရီးယားတို့ ဆန္ဒရှိကြောင်းပါရှိသည်ဟု
ဖော်ပြထားသည်။

၎င်းထုတ်ပြန်မှုကို တောင်ကိုးရီးယားဘက်မှ လေ့လာသူများက စစ်မှန်သောရည်ရွယ်ချက်ဟုမသတ်မှတ်ဘဲ မဟာမိတ်ကြီးဖြစ်သည့် တရုတ် နိုင်ငံ ကျေနပ်စေရေးအတွက် အားထုတ်လုပ်ဆောင်ထားကြောင်း ဆိုကြသည်။

မြောက်ကိုးရီးယားဘက်က ၎င်းတို့၏အစီအစဉ်များသည် နျူကလီးယား
တားမြစ်ရန်အတွက်သာဖြစ်ကာ စေ့စပ်ညှိနှိုင်းရန်မဟုတ်ကြောင်း ထပ် တလဲလဲကြေညာခဲ့သည်။

ယခုအခါ ဆိုးလ်နှင့် ဝါရှင်တန်အစိုးရနှစ်ခုလုံးက ပုံမှန် ဆွေးနွေးပွဲများ
စတင်နိုင်ရန်ဆိုလျှင် မြောက်ကိုးရီးယားသည် နျူကလီးယားလက်နက်
စွန့်လွှတ်ကြောင်း သေချာပြသပေးရမည်ဖြစ်ကြောင်း တိုက်တွန်းနေ
ကြသည်။ “မြောက်ကိုးရီးယားဟာ သူတို့ရဲ့လုပ်ဆောင်မှုတိုင်းမှာ ရိုးသား
မှုကိုပြသဖို့လိုအပ်နေတယ်” ဟု မစ္စတာယွန်က ဆိုသည်။ဆက်လက်၍ လက်ရှိ အရိပ်အယောင် များသည် မြောက်ကိုးရီးယား ဆန့်ကျင်ဘက်
အရပ်သို့သွားရောက်နေပြီး နျူကလီးယားလက်နက်ကို တိုးချဲ့နေကြောင်း
ဆိုသည်။

မြောက်ကိုးရီးယားနိုင်ငံပိုင်မီဒီယာတွင် မြောက်ကိုးရီးယားအထူးသံအမတ်၏ တရုတ်ခရီးစဉ်တွင် ဆွေးနွေးလိုကြောင်း တင်ပြခဲ့သည့် အကြောင်း မည်သည်ကိုမျှ မဖော်ပြထားပေ။ တရုတ်သမ္မတထံပေးအပ်သည့် စာအကြောင်းပြောရာတွင် ပြုံးယမ်းအစိုးရပိုင်ကိုးရီးယားဗဟိုသတင်းအေ
ဂျင်စီက တရုတ်နှင့် မြောက်ကိုးရီး ယားကြား ပုံမှန်ဆက်ဆံရေးကို နက်ရှိုင်းလာစေရန်ရည်ရွယ်ချက်ကို ပို့ဆောင်ပေးရုံသာဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် မြောက်ကိုးရီးယား၏ အဓိကစီးပွားရေးရာကျေးဇူးရှိပြီး သံတမန်ရေးရာကာကွယ်သူဖြစ်သော်လည်း ဖေဖော်ဝါရီ နျူကလီး ယားစမ်းသပ်မှုကြောင့် ကုလသမဂ္ဂပိတ်ဆို့အရေးယူမှုများကိုလုပ်ဆောင်ရန် အရိပ်အယောင်များပြခဲ့သည်။

တောင်ကိုးရီးယားမှ ပေါင်းစည်းရေးဝန်ကြီးဌာနက မြောက်ကိုးရီးယားသည် ၎င်းတို့လိုချင်သောဦးတည်ချက်ကို ဖြောင့်တန်းစွာထားရန် လိုအပ်ကြောင်း
ပြောကြားသည်။

“အကယ်၍ မြောက်ကိုးရီးယားသာစစ်မှန်တဲ့ ဆွေးနွေးမှုကိုလိုရင် ပထမအဆင့်လုပ်ရမှာကတော့ ကျွန်တော်တို့တွေထပ်တလဲလဲပြောနေတဲ့
ကေဆောင်စက်မှုဇုန်အရေးနဲ့ ပတ်သက်တဲ့ အစိုးရချင်း အလုပ်ဖြစ်တဲ့
အဆင့် ဆွေးနွေးပွဲကို ပြန်လုပ်ဆောင်ရမယ်ဆိုတာပါဘဲ” ဟု ပြောရေး ဆိုခွင့်ရှိသူ ကင်ဟွန်ဆော့က ဆိုသည်။

မကြာမီက မြောက်ကိုးရီးယားဘက်မှ စက်မှုဖုန်အတွင်းသို့ တောင်ကို
ရီးယားဘက်မှ လာရောက်ခြင်းကိုပိတ်ပင်ထားပြီး ဧပြီလအတွင်း အလုပ် သမားအကုန်ကို စက်မှုဇုန်မှ ထွက်ခွာစေခဲ့ရာ နောက်ဆုံးအသုတ်သည် ယခုလအစောပိုင်းတွင် ထွက်ခွာခဲ့သည်။တောင်ကိုးရီးယားက ကုန်ကြမ်း
ပစ္စည်းများနှင့် ထုတ်ကုန်ဈေးကွက်ကို မပျောက်ပျက်စေရန် ဆွေးနွေးပွဲ
ပြုလုပ်ရေး တောင်းဆိုခဲ့သော်လည်း မြောက်ကိုးရီးယားဘက်မှ လက်မခံ
ခဲ့ပေ။ပေါင်းစည်းရေးဝန်ကြီးဌာနက မြောက်ကိုးရီးယားဘက်မှ မကြာသေး
မီက တောင်ကိုးရီးယားသမ္မတအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်ကိုလည်း ဝေဖန်ခဲ့သည်။

“ကိုးရီးယားနှစ်နိုင်ငံဆက်ဆံရေးအတွက်ဆိုရင် မြောက်ကိုးရီးယားဘက်က သူတို့ကိုယ်သူတို့ ထိန်းထားဖို့လိုမယ်၊ ပြီးတော့ဒီနိုင်ငံမှာ ပြောဖို့ မကောင်းတဲ့ မှတ်ချက်စကားတွေကို ချက်ချင်းရပ်ဖို့လိုတယ်” ဟု မစ္စတာ ကင် ကသတင်းထောက်များကို ပြောကြားသည်။

မြန်မာ့ခေတ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...