အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁ဝ ဦး ထပ်မံရုံးထုတ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာနေမှုတွေအတွက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ခေါင်းဆောင် ၁၀ ဦးကို ကျောက်ဖြူတရားရုံးမှာ ဒီကနေ့ ထပ်မံရုံးထုတ်ခဲ့ပါတယ်။ဒီကနေ့ ရုံးချိန်းဟာ အာဏာပိုင်တွေဘက်က တရားလိုပြသက်သေတွေကို စစ်ဆေးမယ့်ရုံးချိန်း ဖြစ်ပါတယ်။ ဒါပေမယ့် တရားစွဲတဲ့ဖက်က တရားလိုပြသက်သေတွေ မလာတာကြောင့် ဇွန်လ၃ရက်နေ့ကိုထပ်မံချိန်းဆိုခဲ့ရတယ်လို့တရားစွဲဆိုခံထားရသူတွေထဲကတစ်ဦးဖြစ်တဲ့ဦးထွန်းကြည်က
ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ အကောင်အထည်ဖော်နေ
တဲ့ တရုတ်ရေနံပိုက်လိုင်းစီမံကိန်းကြောင့် နစ်နာနေမှုတွေအတွက် ဒေသခံ ၄၀၀ ကျော်လောက်က ပြီးခဲ့တဲ့ လ က မဒေးကျွန်းပေါ်မှာရှိတဲ့ CNPC ရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါ တယ်။ ဒါကိုခွင့်ပြုချက်မရဘဲ ဆန္ဒပြတယ်ဆိုပြီး ကျောက်ဖြူမြို့နယ် ရဲမြို့နယ်မှူး ဦးကျော်ဌေးက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ(၁၈)နဲ့ တရားလိုပြု
လုပ်ပြီး တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

RFA Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...