ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ဟောင်းဦးသန့်မိသားစု
နေထိုင်ခဲ့သော ရန်ကုန်မြို့၊ မရမ်း ကုန်းမြို့နယ်၊ ပန်းဝါလမ်း၊ အမှတ် (၃)
အဆောက်အဦကို ဦးသန့်နေ အိမ်ပြတိုက်ဖွင့်လှစ်ရန် ရည်ရွယ် ၍
ဦးသန့်၏သမီးဖြစ်သူဒေါ်အေး အေးသန့်ဦးဆောင်ပြင်ဆင်မွမ်းမံ လျက်ရှိရာ ပွင့်လင်းရာသီတွင် ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်း က ဦးသန့်၏မြေးဖြစ်သူဦးသန့်ြ မင့်
ဦးအနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဦးသန့်မိသားစု
နေထိုင်ခဲ့သော နေအိမ်ကို အများပြည်သူကြည့်ရှုလေ့လာ အသုံးပြုနိုင်ရန်
မိမိစရိတ်ဖြင့် ပြုပြင်မွမ်းမံ၍ ပြတိုက်ပြုလုပ်ခွင့် ကို
လျှောက်ထားတင်ပြခဲ့ရာ နိုင်ငံ တော်သမ္မတကခွင့်ပြုခဲ့ပြီး ၂၀၁၃ ဧပြီ (၆) ရက်
ညနေပိုင်းတွင် ပြတိုက်အကြိုဖွင့်ပွဲအခမ်းအ နား ကျင်းပခဲ့ပြီးဖြစ်သည်။
“ဦးသန့်နေအိမ်ပြတိုက်ကို အလှူငွေတွေနဲ့ ပြုပြင်မွမ်းမံနေ တာဖြစ်ပါတယ်။
လျှပ်စစ်ဝန်ကြီး ဌာနအနေနဲ့လည်း ပန်းဝါလမ်း ထိပ်ကနေဦးသန့်အိမ်ရောက်တဲ့ အထိ လျှပ်စစ်ဓာတ်မီးတိုင် (၁၅) တိုင်နဲ့ လျှပ်စစ်မီးရဖို့ကို လျှပ်စစ် ၀န်ကြီးဌာနရန်ကုန်စရိတ်နဲ့သွယ်
တန်းပေးပါတယ်။ အဲဒီကုန်ကျ စရိတ်က သိန်း (၁၅၀) နဲ့ (၂၀၀)
ကြားကုန်တယ်လို့ကြားသိရပါ တယ်။ လျှပ်စစ်ဝန်ကြီးဌာအနေ နဲ့
အခုလိုဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက် ရပါတယ်။ ကျွန်တော်တို့အနေနဲ့ သာမန်အတွင်းပိုင်းလျှပ်စစ်မီးဆက်
သွယ်တာပါဝါမီတာ၊ ရိုးရိုးမီတာ တို့ကို သိန်း (၃၀) (၄၀) အကုန်
ခံဆောင်ရွက်ရပါတယ်။ ရေသွယ် တာလည်း ကိုယ့်စရိတ်နဲ့ ကိုယ် ဆောင်ရွက်ပါတယ်။
ကျန်တဲ့ပြင် ဆင်မှုတွေကို ဒေါ်အေးအေးသန့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့
ဦးသန့်နေအိမ်ပြတိုက်ကြီးတဲ့  အဖွဲ့ကလိုအပ်သည်များကို ဆောင်ရွက်နေပါတယ်။
ပုဂ္ဂလိက ဘဏ်များနဲ့ ပုဂ္ဂလိကအလှူရှင်များ က စေတနာထက်သန်စွာနဲ့ ထည့်ဝင်လှူဒါန်းကြပါတယ်။ မှန်းထားတာကတော့ အကြီးစား ပြင်ဆင်မှုတွေပြီးရင်တော့ ပွင့်လင်း ရာသီမှာ အမြဲဖွင့်ဖို့ စီစဉ်ထားပါ တယ်။ တစ်ပတ်ကိုဘယ်ရက်တွေ မှာဖွင့်မယ်။ လာရောက်လေ့လာ နိုင်ဖို့နိုင်ငံခြားသား၊ နိုင်ငံသားများ အတွက် သင့်တော်တဲ့ ၀င်ကြေး နှုန်းထားများ သတ်မှတ်ပြီး ပြတိုက် မှူး၊ လုံခြုံရေးဝန်ထမ်းများနဲ့ စနစ် တကျဖွင့်မှာပါ။
နေအိမ်ရဲ့ အခန်း တိုင်းမှာ ဦးသန့်ဘ၀ဖြစ်စဉ်အား လုံးကို Awdio Visual များတပ်ဆင် ပြီး အလိုအလျောက်ရှင်းလင်းပြ သလေ့လာနိုင်ဖို့စီစဉ်ထားမှာ ပါ”ဟု ဦးသန့်နေအိမ်ပြတိုက်ကြီးကြ ပ်သူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးသိန်းရွှေကရှင်းပြခဲ့သည်။
မိုးမြင့်ဆွေ
The Hot News
၂၀၁၂ ခုနှစ် ဇွန်လအတွင်း က ဦးသန့်၏မြေးဖြစ်သူဦးသန့်ြ
“ဦးသန့်နေအိမ်ပြတိုက်ကို အလှူငွေတွေနဲ့ ပြုပြင်မွမ်းမံနေ တာဖြစ်ပါတယ်။
လျှပ်စစ်ဝန်ကြီး ဌာနအနေနဲ့လည်း ပန်းဝါလမ်း ထိပ်ကနေဦးသန့်အိမ်ရောက်တဲ့
ပုဂ္ဂလိက ဘဏ်များနဲ့ ပုဂ္ဂလိကအလှူရှင်များ က စေတနာထက်သန်စွာနဲ့ ထည့်ဝင်လှူဒါန်းကြပါတယ်။ မှန်းထားတာကတော့ အကြီးစား ပြင်ဆင်မှုတွေပြီးရင်တော့ ပွင့်လင်း ရာသီမှာ အမြဲဖွင့်ဖို့ စီစဉ်ထားပါ တယ်။ တစ်ပတ်ကိုဘယ်ရက်တွေ မှာဖွင့်မယ်။ လာရောက်လေ့လာ နိုင်ဖို့နိုင်ငံခြားသား၊ နိုင်ငံသားများ အတွက် သင့်တော်တဲ့ ၀င်ကြေး နှုန်းထားများ သတ်မှတ်ပြီး ပြတိုက် မှူး၊ လုံခြုံရေးဝန်ထမ်းများနဲ့ စနစ် တကျဖွင့်မှာပါ။
နေအိမ်ရဲ့ အခန်း တိုင်းမှာ ဦးသန့်ဘ၀ဖြစ်စဉ်အား လုံးကို Awdio Visual များတပ်ဆင် ပြီး အလိုအလျောက်ရှင်းလင်းပြ သလေ့လာနိုင်ဖို့စီစဉ်ထားမှာ
မိုးမြင့်ဆွေ
The Hot News