အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

လေဖိအားနည်းဆဲလ် 94B မုန်တိုင်းအဆင့် မရောက်နိုင်တော့ ဟုခန့်မှန်း

လေဖိအားနည်းဆဲလ် INVEST 94B သည် မေလ ၂၈ ရက် မြန်မာစံတော်ချိန်နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် NRL data များအရ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့တောင်ဘက် ၁၁၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်-အနောက်တောင်ဘက် ၁၈၅ မိုင်ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့ အနောက် အနောက်မြောက်ဘက် ၂၄၅ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။

INVEST 94B သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး INVEST 94B အဖြစ်စတင်ဖြစ်ပေါ်ခြင်းမရှိမီ မူလ GFS ကွန်ပျူတာ ခန့်မှန်းခဲ့သည့်အတိုင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကုန်းတွင်းသို့ ဆက်လက်ရွေ့လျားဝင်ရောက်သွားမည်ဟု ခန့်မှန်းရပါသည်။ ဆက်လက်ရွေလျားဝင်ရောက်မည့် အခြေအနေတွင် INVEST အဆင့်မှ ထပ်မံ၍ အားကောင်းလာနိုင်ဘွယ် မရှိဟုလည်း ခန့်မှန်းရပါသည်။

လေဖိအားနည်းဆဲလ် INVEST 94B
28 May 2013 0000Z
Location: 21.1 89.3
Winds: 15 knots
Central Pressure: 1010 hPa

MMweather Page

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...