ခုခံအားကျဆင်းမှုရောဂါအတွက် အသုံးပြုသည့် ပိုးထိန်းဆေးအေအာရ်ဗီမရရှိ၍ မြန်မာနိုင်ငံတွင် နေ့စဉ်ရောဂါပိုးကူးစက်ခံထား ရသူ ၄၀ ကျော် သေဆုံးနေပြီး ရောဂါကူးစက်ခံထားရသူများ၏ ၄၀ ရာခိုင်နှုန်းကျော်သာ အေအာရ်ဗီဆေးဝါးရရှိနေကြောင်းသတင်းရရှိသည်။
“ဆေးကုသခွင့်အရင်ကထက် သိသိသာသာမြင့်တက်လာပေမယ့် AIDS ရောဂါနဲ့ ဆက်နွှယ်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုလည်း မြင့်တက်လာပါတယ်။ ၂၀၁၂ မှာဆိုရင် သေဆုံးသူဦးရေ တစ်သောင်းငါးထောင်ကျော်ပါတယ်”ဟု
ယနေ့ ကျင်းပသည့် အေ့ဒ်စ်ဖြင့် ကွယ်လွန် သူများအတွက် အောက်မေ့ဖွယ်
မီးထွန်းဆုတောင်းပွဲတွင် UNAIDS ဌာနေ ကိုယ်စားလှယ် မစ္စတာ Eammon Marphy က
ပြောသည်။
ခုခံအားကျဆင်းမှုရောဂါ လူနာများအတွက် ARV ဆေးဝါးရ ယူနိုင်မည့် ပြည်သူ့ဆေးရုံများ ထပ်မံတိုးချဲ့ထားပြီး ယခုနှစ်မှစတင်၍ ဆင်ခြေဖုံးမြို့နယ်ဆေးရုံများတွင်ပင် ဆေးဝါးရယူနိုင်တော့မည်ဖြစ်ေ ကြာင်းအမျိုးသား ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးစီမံချက် (နေပြည်တော်)လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာထွန်းညွန့် ဦးက ပြောသည်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ
တိုင်းနှင့်ပြည် နယ်ဆေးရုံ ၄၈ ရုံတွင် ARV ဆေးဝါးပေးနေပြီး ယခုနှစ်မှစတင်၍
ဆေးရုံပေါင်း ခုနစ်ရုံ၊ တိုင်းနှင့်ပြည်နယ် အဆင့်ရှိ
ခုခံကျကာလသားတိုက်ဖျက်ရေးအဖွဲ့ ခုနစ်ဖွဲ့ကို ထပ်မံတိုး ချဲ့ထားကာဆေးဝါးယူရနိုင်သည့် နေရာ ၆၂ နေရာ ရှိလာပြီဖြစ်သည်။
ထို့ပြင် တိုင်းနှင့်ပြည်နယ် ဆေးရုံများတွင် မိမိနီးစပ်ရာမြို့နယ်ဆေးရုံ များ တွင်ပင် ရယူနိုင်သည့် မြို့နယ်အဆင့် ဆေးရုံ ၃၀ ကို ယခုနှစ်မှစတင်၍ တိုးချဲ့လိုက်ကြောင်း ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။
“မြို့နယ်ဆေးရုံများမှ ဆေးဝါးရယူနိုင်မည့် နေရာများတွင် လှိုင်သာယာ၊ လှည်းကူး၊ ကျောက်တန်းမြို့နယ်များ ပါဝင်ကြောင်း သိရသည်။နှစ်စဉ်တိုင်းနှင့် ပြည်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ တိုးချဲ့သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ARV စင်တာပေါင်း ၇၀ ကျော်နှင့် မြို့နယ်အဆင့် ဆေးရုံတစ်ရာကျော်များတွင် အလွယ်တကူ ဆေးဝါး ထုတ်ယူသွားနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားကာလသားတိုက်ဖျက်ရေးစီမံချက်မှ ဦးမြင့်ဆွေက ပြောသည်။
၂၀၁၂-၂၀၁၃ ကျန်းမာရေး ဘတ်ဂျက်မှ ARV ဆေးဝါးဝယ်ယူ ရန်ငွေကျပ်သိန်း ၂၅၀၀ ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း တိုးမြှင့်ရရှိမည်ဖြစ်ပြီး ယခုလက်ရှိတွင် Global Fund ၏ အကူအညီဖြင့် ဆေးဝါးများပေးနေခြင်းဖြစ်သည်။
အေ့စ်ဒ်ရောဂါဖြင့် ကွယ်လွန်သွားသူများအတွက် ဆုတောင်းပွဲကို မေ ၂၆ ရက်က အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- ကျော်စိုးနိုင် (BG)
7Days News
“ဆေးကုသခွင့်အရင်ကထက် သိသိသာသာမြင့်တက်လာပေမယ့် AIDS ရောဂါနဲ့ ဆက်နွှယ်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုလည်း မြင့်တက်လာပါတယ်။ ၂၀၁၂ မှာဆိုရင် သေဆုံးသူဦးရေ တစ်သောင်းငါးထောင်ကျော်ပါတယ
ခုခံအားကျဆင်းမှုရောဂါ လူနာများအတွက် ARV ဆေးဝါးရ ယူနိုင်မည့် ပြည်သူ့ဆေးရုံများ ထပ်မံတိုးချဲ့ထားပြီး ယခုနှစ်မှစတင်၍ ဆင်ခြေဖုံးမြို့နယ်ဆေးရုံမျ
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရ
ထို့ပြင် တိုင်းနှင့်ပြည်နယ် ဆေးရုံများတွင် မိမိနီးစပ်ရာမြို့နယ်ဆေးရုံ
“မြို့နယ်ဆေးရုံများမှ ဆေးဝါးရယူနိုင်မည့် နေရာများတွင် လှိုင်သာယာ၊ လှည်းကူး၊ ကျောက်တန်းမြို့နယ်များ ပါဝင်ကြောင်း သိရသည်။နှစ်စဉ်တိုင်းနှင့် ပြည်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ တိုးချဲ့သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ARV စင်တာပေါင်း ၇၀ ကျော်နှင့် မြို့နယ်အဆင့် ဆေးရုံတစ်ရာကျော်များတွင် အလွယ်တကူ ဆေးဝါး ထုတ်ယူသွားနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားကာလသားတိုက်ဖျက်ရေ
၂၀၁၂-၂၀၁၃ ကျန်းမာရေး ဘတ်ဂျက်မှ ARV ဆေးဝါးဝယ်ယူ ရန်ငွေကျပ်သိန်း ၂၅၀၀ ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း တိုးမြှင့်ရရှိမည်ဖြစ်ပြီး ယခုလက်ရှိတွင် Global Fund ၏ အကူအညီဖြင့် ဆေးဝါးများပေးနေခြင်းဖြစ်သည
အေ့စ်ဒ်ရောဂါဖြင့် ကွယ်လွန်သွားသူများအတွက် ဆုတောင်းပွဲကို မေ ၂၆ ရက်က အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- ကျော်စိုးနိုင် (BG)
7Days News