ကျောင်းဖွင့်ရာသီတွင်
ကျောင်းနေရန် အခက်အခဲဖြစ်သော ကျောင်းနေရွယ် ကလေးသူငယ်များနှင့်
ကျောင်းအသီးသီးတို့တွင် လိုအပ်နေသည်ဖြစ်သော ကျောင်းသုံးပစ္စည်းများ
စသည်တို့အတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များ
နှင့် ပညာရေးဝန်ကြီးဌာနတို့က
စုစုပေါင်းတန်ဘိုးငွေ ကျပ်သိန်း(၂၄၀)ကျော်ရှိသော
ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းသုံးပစ္စည်းများ နှင့် အလှူငွေများအား
ပေးအပ်လှူဒါန်းပွဲအဖြစ် မေလ(၂၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့
အောင်မြတ်ခန်းမမှာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပညာရေးနှင့်ပတ်သက်သည့် အဖွင့်အမှာစကားပြောကြားပြီး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဘက်ပြည်နယ် ပညာညွှန်ကြားရေးမှူးရုံးမှ
ဒုတိယညွှန်ကြားရေးမှူး ဦးခွန်စိန်မြင့် က အမှာစကားပြောကြားရာ
တွဲဖက်ဝင်သင်ရိုးဘာသာရပ်၊ထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်းများပြုစုပျိုးထောင်ခြင်း၊ ဘက်စုံထူးချွန်လူရည်ချွန်၊အ ဆင့်တိုးမြင့်
လိုက်သော ကျောင်းများအရေအတွက် နှင့် ပညာရေးနှင့်ပတ်သက်သည့် ခေတ်နှင့်အညီ
သင်ကြားပေးနိုင်ရန်စသည့် အကြောင်းအရာများကို ပြောကြားသွားခဲ့သည်။
အဆိုပါနှစ်ဦးမှ အဖွင့်အမှာစကားပြောကြားမှုပြီးသည့်နောက်မှာ တာချီလိတ်ခရိုင်/ မြို့နယ်
အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ
ကျောင်းနေရန်ခက်ခဲသည့် ကျောင်းနေရွယ် ကလေးသူငယ်များအတွက်
ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နွေးနွေးလင်း နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့ ဥက္ကဌ ဒေါ်ရွှေမိုးသူဇာတို့မှ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး (မြို့နယ်ပညာရေးကော်မတီ ဥက္ကဌ ) ဦးရဲထူး မှ တာချီလိတ်မြို့ရှိ စေတနာရှင် အလှူရှင်များမှ လှူဒါန်းလာသော ကျောင်းသုံးပစ္စည်းများနှင့်
အလှူငွေများကို လက်ခံပြီး အလှူရှင်များအား ပြန်လည်၍
ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။ တဆက်တည်းမှာပင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဘက်ပြည်နယ် ပညာညွှန်ကြားရေးမှူးရုံး(ရုံးခွဲ)မှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပညာရေးဝန်ကြီးဌာနမှ
အခမဲ့ဖြန်ဝေသော ဗလာစာအုပ်များကို တာချီလိတ်မြို့နယ်ရှိ
ကျောင်းအုပ်ကြီးများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ယခုနှစ်တွင် ပညာရေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ နှင့် အချို့သော ကျောင်းများတွင်လည်း အဆင့်တိုးမြှင့်ခြင်းများရှိကြောင်း သိရသည်။ တာချီလိတ်မြို့နယ်တွင် ပညာရေးနှင့်ပတ်သက်၍ ကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်မှု များရှိရာ ယခင်က တာချီလိတ်မြို့နယ်တွင် အ.ထ.က အဆင့်မှာ (၂)ကျောင်းသာရှိနေပြီး ယခုအခါမှာတော့ အ.ထ.က (၄)ကျောင်း ရှိပြီဖြစ်သည်။
၂၀၁၂ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင် ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှ သဘောတူညီချက်အရ ရှမ်းပြည်နယ်အရှေု့ပိုင်းအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ
(၄)ကျောင်းကို ယခုအခါမှာ အခြေခံပညာ အထက်တန်းကျောင်းအဖြစ်
တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။ ရှမ်း(အရှေ့)တွင်
တိုးမြှင့်ပေးလိုက်သည့် ကျောင်းများမှာ တာချီလိတ်မြို့နယ်တွင် ဟောင်လိတ်
အ.ထ.က နှင့် မိုင်းကိုး အ.ထ.က၊ ကျိုင်းတုံမြို့တွင် ကတ်တောင် အ.ထ.က နှင့်
မိုင်းတုံမြို့တွင် နားကောင်းမူ အ.ထ.က တို့ဖြစ်ကြောင်း သိရသည်။
Tachileik Online News
အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေ
အဆိုပါနှစ်ဦးမှ အဖွင့်အမှာစကားပြောကြားမှုပြ
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး (မြို့နယ်ပညာရေးကော်မတီ ဥက္ကဌ ) ဦးရဲထူး မှ တာချီလိတ်မြို့ရှိ စေတနာရှင် အလှူရှင်များမှ လှူဒါန်းလာသော ကျောင်းသုံးပစ္စည်းများနှင့်
ယခုနှစ်တွင် ပညာရေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ နှင့် အချို့သော ကျောင်းများတွင်လည်း အဆင့်တိုးမြှင့်ခြင်းများရှ
၂၀၁၂ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်
Tachileik Online News