အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

မဂ္ဂါဝပ် ၆၀၀ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ကလေးဝအနီး ဆောက်ရန် ဒေသခံများ၏ သဘောထား ကောက်ခံ

၂၀၁၀ ပြည့်နှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သော မဂ္ဂါဝပ် ၆၀၀ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ကလေးဝမြို့၏ မြောက်ဖက် ၁၈ ကီလိုမီတာ အကွာခန့်တွင် တည်ဆောက်ရန် စီစဉ်နေပြီး ဒေသခံတို့၏ သဘောထားများ ကောက်
ခံလျက်ရှိသည်ဟု သိရသည်။
''ကလေးဝ NLD ရုံးကို ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ လာပေးပါတယ်။ တရားဝင် ရုံးစာအနေနဲ့ ပေးပို့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီရုံးမှ မေ ၂၂ ရက်က ကလေးဝမြို့ မြို့မိမြို့ဖတွေနဲ့ NLD ပါတီကို တရားဝင်စာနဲ့ စက်ရုံတည်ဆောက်ရေး
ဆွေးနွေးရန်အတွက် ဖိတ်စာနဲ့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဒေသက
ဒေသခံတွေကို တိကျတဲ့ ပြည်သူလူထုရဲ့ ရပိုင်ခွင့် အလုပ်အကိုင် အခွင့်အလမ်းနဲ့ စက်ရုံကထွက်လာမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအတွက် သမာသမတ်ကျတဲ့ ပညာရှင်တွေရဲ့ ရှင်းလင်းတင်ပြ
ချက်တွေနဲ့ နိုင်ငံတကာ စံချိန်မီတဲ့ EIA၊ SIA လေ့လာဆန်းစစ်မှု မပါဘဲ ကျွန်တော်တို့ လက်ခံသင့် လက်မခံသင့် ဆုံးဖြတ်ပါ့မယ်'' ဟု ကလေးဝ
မြို့နယ် NLD ပါတီ၏ အတွင်းရေးမှုး ဦးအောင်ဇော်ဦးက ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ဆောင်ရွက်ရန် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Guodian Corporation နှင့် ထွန်းသွင်မိုင်းနင်း ကုမ္ပဏီလီမိတက် (Tun Thwin Mining Co., Ltd.) တို့ မော်လိုက်ရေအားလျှပ်စစ် စီမံကိန်းနှင့် ကလေးဝကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများ အကောင်အထည် ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာများ ရေးထိုး
ခဲ့သည်ဟု ၂၀၁၀ ပြည့်နှစ် မေ ၂၉ ရက် မြန်မာ့အလင်း သတင်းစာတွင်
ဖော်ပြခဲ့သည်။

''ကျွန်တော်တို့က လျှပ်စစ်မီးတော့ လိုချင်ပါတယ်။ ဒါပေမဲ့ ဒီမဂ္ဂါဝပ် ၆၀၀ လျှပ်စစ်ဓာတ်အားပေး စက်ရုံက ပွင့်လင်းမြင်သာမှု နည်းတယ်လို့ ထင်တယ်။ ဒါ့ကြောင့် အခုထိတော့ လက်မခံနိုင်သေးဘူး။ ကိုယ်နေထိုင်တဲ့ဒေသမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီးမှ လျှပ်စစ်မီးရမယ်ဆိုတာတော့ မဖြစ်စေ
ချင်ဘူး။ ဒီကိစ္စကို ကျွန်တော်တို့ ရပ်ကွက်ထဲ တွေ့ဆုံဆွေးနွေးတာ မရှိပါဘူး။ ကျွန်တော့် သဘောထားကတော့ ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူးလို့ ထင်ပါတယ်'' ဟု ကလေးဝမြို့ခံ ကိုဖြိုးသော်ဦး ပြောကြားသည်။

အဆိုပါ စက်ရုံစီမံကိန်းကို အမေရိကန် ဒေါ်လာသန်း ၆၅၀ အကုန်အကျခံ တည်ဆောက်မည်ဖြစ်ပြီး၊ ကလေးဝမြို့၏ မြောက်ဘက် ၁၈ ကီလိုမီတာ အကွာတွင် တည်ဆောက်မည်ဖြစ်ပြီး နေရာခြောက်နေရာ ရွေးထားပြီး စက်ရုံနေရာသည် ကလေးဝမြို့နယ် ပန်းချီစု ကျေးရွာနှင့် ပလူဇဝ
ကျေးရွာအတွင်းတွင် ဖြစ်နိုင်သည်ဟု သိရသည်။

EMG
See More

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...