အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

EFE ဆုကို ပထမဆုံး ပေါ်တူဂီကစားသမားအဖြစ် ရော်နယ်ဒိုဆွတ်ခူး

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ မက်ဆီ၊ဖယ်လ်ကာအိုတို့ကို ကျော်ဖြတ်ကာ ယခုနှစ် ရာသီအတွက် EFEဆု ရရှိသွားခဲ့သည်။ EFE ဆုမှာလာလီဂါတွင် ကစားသည့် စပိန်၊ ပေါ်တူဂီနှင့် အမေရိကကစားသမားများကို EFE သတင်းအေဂျင်စီမှ ချီးမြှင့်သည့်ဆု ဖြစ်သည်။ ၁၉၉၁ခုနှစ်မှ စတင်ချီးမြှင့်ခဲ့သော EFEဆုကို လက်တင်အမေရိက ကစားသမားများသာ ဆွတ်ခူးခဲ့ပြီး ရော်နယ်ဒိုမှာ အဆိုပါဆု ရရှိသည့် ပထမဆုံး ပေါ်တူဂီ ကစားသမားဖြစ်လာခဲ့သည်။
မက်ဆီသည် EFE ဆုကို နောက်ဆုံးလေးကြိမ်ဆက် ရရှိခဲ့သည့်အပြင် ဆုငါးကြိမ်ရ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ထားနိုင်သည်။ သို့သော် EFE ဆုအတွက် အယ်ဒီတာများကရွေးချယ်ရာတွင် ရော်နယ်ဒိုမှာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းဂိုးအများဆုံးသွင်းသူ
အဖြစ် ၁၂ဂိုးသွင်းယူနိုင်ခဲ့ကာ လာလီဂါတွင် ၃၄ဂိုး၊စပိန်ဘုရင့်ဖလားပြိုင်ပွဲ
တွင် ၇ဂိုး သွင်းယူနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ဆုရရှိခဲ့ခြင်းဖြစ်သည်။

ရိုးရာလေး

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...