ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိတဲ့မြန်မာအလုပ်သမား ၄ သိန်းရဲ့ အခြေအနေတွေကိုသိရှိနိုင်ဘို့ အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးက အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင် ဒီနေ့ မဲဆောက်မြို့ကိုရောက်ရှိလြာ ပီး မြန်မာအလုပ်သမားအရေးဆောင်ရွ က်နေတဲ့ အဖွဲ့ပေါင်း ၃၇ ဖွဲ့နဲ့ တွေ့ဆုံဆွေး နွေးနေပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအားလုံး တရားဝင်အလုပ်သမားဟုတ်သည်ဖြစ်စေ၊မဟုတ် သည်ဖြစ်စေ သူတို့ရဲ့အလုပ်သမားရပိုင်ခွ င့်တွေရရှိဘို့နဲ့ အလုပ်ရှင်ရဲ့မတရားပြုမူခြင်းတွေမခံရဘို့အတွက် မြန်မာသံရုံးကနေအကူအညီပေးသွားမဲ့အကြောင်း လာရောက်ပြောဆိုတာဖြစ်ပါတယ်။
မြန်မာအလုပ်သမားအရေးဆောင်ရွ က်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်းပူးပေါ င်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသား တွေရဲ့အကျိုးကိုပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီနေ့မှာလာရောက်တွေ့ဆုံရတဲ့ အကြောင်းပြောကြားပြီး တာ့ခ်ခရိုင်အတွင်းမှာ ဒီလအတွင်းမော်တော်ယာဉ်မတော် တဆမှုကြောင့် သေဆုံးသွားတဲ့မြန်မာအလုပ်သမား ၂ ဦးအတွက် တဦးကို ထိုင်းဘတ်ငွေ ၁ သောင်းနဲ့အမေရိကန်ဒေါ်လာငွေ ၂၀၀ စီအကူငွေပေးအပ်ခဲ့ပါတယ်။
မြန်မာသံရုံးရဲ့နစ်နာကြေးငွေပေးအပ်မှုနဲ့ပတ်သက်ပြီး အဝေးရောက်ဧရာဝတီအလုပ်သမားအဖွဲ့က ကိုသောင်းလှိုင်က ... ”အရင်ကဒါမျိုးတခါမှမရှိခဲ့ဘူး ဒါဟာကျွန်တော်တို့မြန်မာအလု ပ်သမားတွေအတွက် ရောင်ခြည်ဦးအစဘဲလို့”ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။
ဘန်ကောက်မြန်မာသံရုံးကနေ အရင်လတွေကတာ့ခ်ခရိုင်အတွင်း နဲ့ထိုင်းနိုင်ငံအတွင်းပိုင်းမှာ လုပ်ငန်းခွင်နဲ့မော် တော်ယဉ်မတော်တဆမှုတွေမှာသေဆုံးခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေအတွက် နစ်နာကြေးငွေ တွေရရှိဘို့ကူညီခဲ့တာတွေရှိ ခဲ့တယ်လို့ မဲဆောက်မှာမြန်မာအလုပ်သမားအ ရေးဆောင်ရွက်နေတဲ့ ဦးမိုးကြိုးက ပြောပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲမှန်သမျှကို မြန်မာသံရုံးကအချိန်မရွေးအကူအညီပေးမှာဖြစ်တဲ့အတွက် သံရုံးကိုအချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း မြန်မာအလုပ်သမားဆိုင်ရာသံမှူးကဆိုပါတယ်။
သူ့အဆိုအရထိုင်းနိုင်ငံလိုဘဲ မြန်မာအလုပ်သမားအရေးတွေကိုကိုင်တွယ်နိုင်ဘို့ တောင်ကိုရီးယား၊မလေးရှားနဲ့ ကူဝိတ်နိုင်ငံတွေမှာလည်း မြန်မာအလုပ်သမားသံမှူးတွေထား ရှိပြီးလုပ်ငန်းအကောင်အထည်ေ ဖ်ာနေတယ်လို့ သိရပါတယ်။
ဒီနေ့တက်ရောက်လာတဲ့ မြန်မာအလုပ်သမားအရေးဆောင်ရွ က်နေကြတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာသံရုံးရဲ့အလုပ်သမားဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သ က်ပြီး အချို့နေရာဒေသတွေမှာမြန်မာအ လုပ်သမား တွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်ပြီး သံရုံးရဲ့လုပ်ဆောင်မှုတွေဟာ အတော့ကိုနှောင့်နှေးကြန့်ကြာမှုတွေရှိနေသေး တဲ့အတွက် ဒီထက်ပိုပြီးလုပ်ဆောင်နိုင် ဘို့လိုသေးတဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
မဲဆောက်မှာအခုလို မြန်မာသံရုံးကတာဝန်ရှိသူတွေ မြန်မာအလုပ်သမားအရေးဆောင်ရွ က်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လာရောက် တွေ့ဆုံဆွေးနွေးတာ ဒေသတွင်းမှာပထမဆုံးအကြိမ်ဘဲ ဖြစ်ပါတယ်။
အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ တင်ပြကြတဲ့ မြန်မာအလုပ်သမားတွေရဲ့အခက်အ ခဲတွေ ကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်း နိုင်ဘို့ ထိုင်းအစိုးရအပါအ၀င် ထိုင်းအလုပ်သမားဝန်ကြီးဌာနေ တွနဲ့ ဆွေးနွေး ပြောဆိုသွားမယ်လို့မြန်မာသံ မှူးကပြောပါတယ်။
မဲဆောက်မှာဒီနေ့ပြုလုပ်တဲ့ေ ဆွးနွေးပွဲကို မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဧရာဝတီblog
မြန်မာအလုပ်သမားအရေးဆောင်ရွ
မြန်မာသံရုံးရဲ့နစ်နာကြေးငေ
ဘန်ကောက်မြန်မာသံရုံးကနေ အရင်လတွေကတာ့ခ်ခရိုင်အတွင်း
မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲမှန်သမျှကို မြန်မာသံရုံးကအချိန်မရွေးအက
သူ့အဆိုအရထိုင်းနိုင်ငံလိုဘ
ဒီနေ့တက်ရောက်လာတဲ့ မြန်မာအလုပ်သမားအရေးဆောင်ရွ
မဲဆောက်မှာအခုလို မြန်မာသံရုံးကတာဝန်ရှိသူတွေ
အလုပ်သမားအရေးဆောင်ရွက်နေတဲ
မဲဆောက်မှာဒီနေ့ပြုလုပ်တဲ့ေ
ဧရာဝတီblog