အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

ကချင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ရေး စီမံကိန်း ပြန်စ

လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်ဘေး ရှောင်သူများ ယာယီ နေထိုင်ရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ဒုက္ခသည် စခန်းများအတွက် ခေတ္တ ရပ်နားထားသော ကူညီထောက်ပံ့ရေး စီမံကိန်း ပြန်လည် စတင်ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့ (UNOCHA) က ထုတ်ပြန် လိုက်သည်။ယင်း စီမံကိန်းကာလကို ၂၀၁၃ ခုနှစ် မတ်လမှ ဒီဇင်ဘာလ အထိ သတ်မှတ်ထား ပြီး အမေရိကန် ဒေါ်လာ သန်း ၅၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း၊ သို့ရာတွင် ငွေကြေး ကူညီမှုပိုင်းတွင် မေလ ကုန်အထိ အမေရိကန် ဒေါ်လာ တစ်သန်း ကျော်သာ ရရှိသေးပြီး အမေရိကန် ဒေါ်လာ ၄၉ ဒသမ ၆၉ သန်း လိုအပ်လျက် ရှိကြောင်း ယင်းထုတ် ပြန်ချက်တွင်
ဖော်ပြထားသည်။

အဆိုပါ ရွှေ့ပြောင်းဒုက္ခသည် တစ်သိန်းခန့်နှင့် ကချင်ပြည်နယ် နယ်စပ်
ဒေသတစ်လျှောက် ပြောင်းရွှေ့နေထိုင်ကြသော ဒုက္ခသည် နှစ်သောင်း
နီးပါး အတွက် ရည်ရွယ်ပြီး အစိုးရထံမှ နယ်စပ်တစ်လျှောက် စီမံချက်များ စတင်ရန် ခွင့်ပြုချက် ရရှိသည် နှင့် အကူအညီ လိုအပ်သော ဒေသ
အားလုံးကို ပံ့ပိုးပေးရန်စီစဉ်လျက် ရှိကြောင်း ယင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။

လက်ရှိ အနေအထားအရ နိုင်ငံ တကာအဖွဲ့အစည်းများ၏ အကူအညီများ
ခေတ္တ ရပ်ဆိုင်းထားသည့် အတွက် နယ်စပ် ဒေသရှိဒုက္ခသည် အချို့ကို စားနပ်ရိက္ခာ ကူညီထောက်ပံ့မှု ရပ်ဆိုင်း ထားကြောင်း ကူညီပေးနေသော အဖွဲ့အစည်းများ၏ ပြောဆိုချက်အရ သိရသည်။

“ပြည်တွင်း ဒုက္ခသည်တွေလည်း ၂နှစ်လောက်ကြာလာတော့ လှူတဲ့သူတွေ နည်းသွားပြီ”ဟု နယ်စပ်ဒေသရှိ ဒုက္ခသည် စခန်းတာဝန်ခံ တစ်ဦးက ဆိုသည်။

တရုတ်-မြန်မာ နယ်စပ် တစ်လျှောက် တွင် ကချင်စစ်ဘေး ဒုက္ခသည် စခန်း ၃၀ ခန့်ရှိပြီး ဒုက္ခသည် ပေါင်းနှစ်သောင်း ကျော်ရှိကြောင်း အကူအညီ
ပေးနေသော အဖွဲ့အစည်းများ၏ ကောက်ယူထားသော စာရင်းများအရ သိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...