အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

ဟောလိဝုဒ်မြေကို ခြေဆန့်မယ့် ရိန်း

ဟောလိဝုဒ်မြေကို ခြေဆန့်မယ့် ရိန်းJung Ji Hoon ဆိုတဲ့ အမည် ရင်းပျောက်ပြီး Rain ဆိုပြီးဟိုးဟိုး ကျော်ဖြစ်လာတဲ့  K Pop စတား ဟာလောလောဆယ်မှာ စစ်မှုထမ်းဆဲ ဖြစ်ပေမယ့် အနုပညာလုပ်ငန်း တွေကိုတော့ မျက်ခြေပြတ် မခံသူ တစ်ဦးပါလို့ စတားက ဆိုလာတာ အကြောင်း ရှိပါတယ်။ နာမည်ကြီး ရက်ပ်ပါ Jay Z ရဲ့ ကိုယ်ပိုင် ကုမ္ပဏီ Roc Nation နဲ့ ရိန်းတို့ စာချုပ်ချုပ်ဆိုဖို့ ညှိနှိုင်းနေပြီ ဆိုတာကို
သတင်းဦး ပေးလာခြင်းဖြစ် သလို Ninja Assassin ရဲ့ ဟောလိဝုဒ် ခြေလှမ်း သစ်လို့ ဆိုရ ဦးမှာပါလို့ စတားက ဆက်ဖွပေး ထားပါတယ်။

 ရိန်းရဲ့ မိခင်ကုမ္ပဏီ Cube Entertainment က ဒီ သတင်းနဲ့ ပတ်သက်ပြီး ဘာလေသံ မှ မမာသေးတာ ကြောင့်လာမယ့် ဇူလိုင် ၁၀ ရက်နေ့မှာ ရိန်းစစ်မှု ထမ်းတာပြီးဆုံးမှပဲ အတည်ပြု ချက်ရဖို့များ နေပါတယ်။ ချစ်စံအိမ် ဇာတ်လမ်း တွဲမှာ အွန်စောနဲ့ လိုက်ဖက် ညီခဲ့သူရဲ့ အနုပညာ မြေတစ်ကျော့ပြန် ခရီးကို စောင့်မျှော်ရင်း ရိန်းရဲ့ ရင်ခုန်သံ ဒိုင်ယာရီကို နားစွင့်ကြ ပါစို့လား။ 
 Venus News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...