အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

အနုပညာရှင် များ၏ ယုံကြည်မှု မနက်ဖြန် ( သီရိရှင်းသန့် )

" ရသပေါ်လွင် သရုပ်ဆောင် လွင်ပြင် " ပြိုင်ပွဲ ကနေ အနုပညာ လောကထဲ ကို ၀င်ရောက်ခဲ့တဲ့ သီရိရှင်းသန့် ကို တခဏတာ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
သီရိရှင်းသန့် ရဲ့ အနုပညာ အပေါ် ထားရှိတဲ့ ခံယူချက် ၊ ရပ်တည်ချက် တွေက ယုံကြည်မှု မနက်ဖြန် အတွက် ဘယ်လိုများ ဖြစ်ချင် တာလဲ ဆိုတော့ " သီရိက အနုပညာ အလုပ်ကို ၀ါသနာ ပါတယ် ၊ တန်ဖိုးလည်း ထားတယ် ၊ နေရာ တစ်ခု ရချင်တယ် ၊ အောင်မြင်အောင် လုပ်ချင်တယ် ၊ အဲ့ဒီ အတွက်လည်း တစ်စိုက် မတ်မတ် ကြိုးစားတယ်  " " ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ ရည်ရွယ်ချက် တွေကိုတော့ အပျက် မခံပါဘူး ၊ အဆုံးအထိ ရောက်အောင် ကြိုးစား သွားမှာပါ ၊ အနုပညာ လောကမှာ ဖြတ်သန်း ခဲ့ရတဲ့ အတွေ့အကြုံက လွယ်တော့ မလွယ်ဘူး ၊ ဒီလောက ထဲကို အစိမ်းသက်သက် ၀င်လာ ရတာပေါ့နော် ၊ အဓိက အဆက်အသွယ် မရှိဘူး ၊ အနုပညာ မျိုးရိုးလည်း မရှိတဲ့ အခါကျတော့ ကိုယ့်ဟာကိုယ် လမ်းဖောက် ရတာပေါ့ ... " ဟု ပြောပြ ပေးခဲ့ပါတယ်။

သီရိရှင်းသန် က ဓာတ်ပုံ မော်ဒယ်လ်အဖြစ် အနုပညာ လောကထဲမှာ စတင် လုပ်နေရင်း ၊ ဗီစီဒီ တွေ ၊ နိုင်ငံတော် အကျိုးပြု ဇာတ်လမ်းတွေ ရိုက်ကူး ခဲ့ပြီး ရွှေဘုတ်ဆုံ ကြော်ငြာ ကနေ လူသိများလာ ၊ ပရိသတ် လက်ခံတဲ့ သီရိရှင်းသန့် ဖြစ်လာ ခဲ့တာပါ။ သီရိရှင်းသန့် က ပရိသတ် အတွက် အမြဲတမ်း ဖြစ်စေချင် နေတာကတော့ " ပရိသတ် ဖြစ်စေချင်တဲ့ အနုပညာ အောင်မြင်မှု ရရှိအောင် အမြဲ ကြိုးစား နေပါတယ် .... " လို့လည်း ပြောထား ပါသေးတယ်။

သီရိရှင်းသန့် က တရုတ် - မြန်မာ ချစ်ကြည်ရေး အတွက် သရုပ်ဆောင် အဖြစ် တရုတ် ဇာတ်လမ်းတွဲ အပိုင်း ၄၀ အတွက် အသံ သရုပ်ဆောင်လည်း လုပ်ထား ပါသေးတယ်။ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ဆီဒိုးနား မှာ အသံ သရုပ်ဆောင်မှု နဲ့ ပတ်သက်ပြီး ကြုံတွေ့ ခဲ့ရတဲ့ အတွေ့အကြုံ တွေကိုလည်း ပရိသတ်တွေကို ပြန်လည် မျှဝေပေး အုန်းမယ်လို့ အမှာစကား ပါးလိုက်ပါတယ်။

(မက်ဆင်းဂျာ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...