အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

ဆင်းရဲသားတွေ ဘဝမြှင့်ဖို့ ဦးသိန်းစိန်ပြော

၂၀၁၃ခုနှစ် World Economic Forum အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ညီလာခံကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ နိုင်ငံပေါင်း ၅၀ကျော်က ကိုယ်စားလှယ်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက် ခဲ့ပါတယ်။ဒီညီလာခံမှာ သမ္မတ ဦးသိန်းစိန်က အခြေခံ လူတန်းစားတွေရဲ့ လိုအပ်ချက်တွေကို အလေးထား စဉ်းစားပေးဖို့နဲ့ ဒီလို စဉ်းစားရာမှာ ဆင်းရဲသားတွေရဲ့ ဘဝ မြှင့်တင်ရေးမှာ အဟန့်အတား ဖြစ်စေမယ့်
ကိစ္စမျိုးတွေကို ရှောင်ရှားကြဖို့ ပြောသွားပါတယ်။

ဒီလို နွမ်းပါးတဲ့ လူတွေရဲ့ လူနေမှု ဘဝ အခြေအနေတွေ ဖွံ့ဖြိုး တိုးတက်ဖို့၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင်း ပူးပေါင်း ဆောင်ရွက် သွားနိုင်ဖို့ အတွက် ကြိုးပမ်းကြဖို့နဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို အားလုံး အတူ မျှဝေ ခံစား အတွက်စဉ်းစား ဆွေးနွေး သွားကြဖို့ကို တိုက်တွန်း သွားခဲ့တာပဲ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ပြောကြား ခဲ့တဲ့ မိန့်ခွန်းက ၃ မိနစ် ဝန်းကျင် လောက်ပဲ ရှိပါတယ်။ အဲဒီမှာ ထူးခြား တာ တခုကတော့ ဒီမိန့်ခွန်းကို အင်္ဂလိပ် ဘာသာနဲ့ ပြောကြား ခဲ့တာပါ။

အဲဒီလို သမ္မတ ဦးသိန်းစိန်က လူနေမှုဘဝ အခြေအနေတွေ တိုးတက်ရေးကို အဓိက ထားလို့ ပြောကြား သွားခဲ့သလိုပဲ အဲဒီ ညီလာခံရဲ့ ဥက္ကဌ ဖြစ်တဲ့ ပါမောက္ခ Klaus Schwab ကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံဟာ လာမယ့် ၂၁ နှစ်လောက် ကာလ အတွင်းမှာ နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ ဆိုရင် အမျိုးသားပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး GDPဟာ ၁၀ ရာခိုင်နှုန်းလောက် အထိ ရှိလာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး သူက မြန်မာနိုင်ငံဟာ နိုင်ငံချမ်းသာပြီး လူတွေ ဆင်းရဲနေရတဲ့ အခြေအနေကနေ လူရော နိုင်ငံပါ ချမ်းသာလာမယ်လို့ မျှော်လင့်ထားကြောင်း၊ အခုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကနေ ပိုပြီး အရှိန်ရလာမယ်။ နောက်ပြန် လှည့်တော့မှာ မဟုတ်ဘူးလို့ ယုံကြည်ထားတဲ့ အကြောင်းနဲ့ ဒီအတွက် နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းက အကူအညီတွေကိုလည်း ဆက်ပေးသွားမယ်လို့ အာမခံ ပြောကြား သွားခဲ့ပါတယ်။

အဲဒီလိုပဲ သမ္မတ ဦးသိန်းစိန်ကလည်း သူ့ရဲ့ မိန့်ခွန်း ထဲမှာ အခုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကနေ သွေဖယ်သွားမှာ မဟုတ်ဘူးလို့ ကတိပေး ပြောကြား သွားခဲ့ပါတယ်။

ဦးသိန်းစိန်က နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကြံဉာဏ်တွေဟာ ဒီပြုပြင်ပြောင်းလဲရေးတွေ အပြည့်အဝ အောင်မြင်နိုင်ဖို့ အတွက် အင်မတန် အရေးကြီး ပါတယ်လို့ ဆိုခဲ့ပါတယ်။

ဒီညီလာခံဟာ အရှေ့အာရှ ဒေသတွင်းက နိုင်ငံတွေ အတူပူးပေါင်း ဆောင်ရွက်ရေးအတွက် ရည်ရွယ် ကျင်းပလေ့ ရှိတာဖြစ်ပေမယ့် ဒီတခေါက်မှာတော့ အိမ်ရှင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် အဓိကထား ဆွေးနွေး ပြောဆိုကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...