အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

မုဒိန်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူများ ဖြစ်နေ

ဇန်န၀ါရီလ ကနေ မေလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ရာမှာ ၅၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
 ဒီ အရေအတွက်အရ အမျိုးသမီး ၂ ယောက် အဓမ္မ ပြုကျင့်ခံရရင် ၁ ယောက်ဟာ အရွယ်မရောက်သေးသူ ဖြစ်နေတဲ့အတွက် အလွန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူ ၆၁ မှုမှာ အသက် ၁၀ နှစ်အောက် ၇ ယောက် ပါဝင်နေတဲ့အတွက် ဒါဟာလည်း ၁၁ ရာခိုင်နှုန်းကျော်မို့ အတော်မြင့်မားတဲ့နှုန်းလို့ သူက ထောက်ပြပါတယ်။ ခုလို ဖြစ်ရတာဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ မိန်းကလေးတွေဟာ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အ၀မရရှိတဲ့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါတွေကို ကာကွယ်ဖို့အတွက် လွှတ်တော်အမတ်တွေရော၊ အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေကပါ လှုပ်ရှားမှုတွေ လုပ်ရတော့မယ်လို့ သူက ဆိုပါတယ်။

DVB News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...