အမေရိကန်
ပြည်ထောင်စု ကာလီဖိုး နီးယား ပြည်နယ် ကမ်းလွန် ပင်လယ်ပြင်တွင် ဖမ်းဆီး
ရမိခဲ့သော ငါးမန်းကြီး တစ်ကောင်သည် ကမ္ဘာပေါ်ရှိ ဖမ်းဆီးရ မိသမျှ
ငါးမန်းများအနက် အကြီးဆုံး ဖြစ်နိုင် ဖွယ်ရှိ သည်ဟု ယူဆ ရကြောင်းသိရသည်။ အဆိုပါ ငါးမန်းကြီးသည် ၁၃၂၃ ပေါင် အလေးချိန်ရှိပြီး ၎င်းငါးမန်းကြီးကို
ဂျက်ဆန် ဂျွန်စတွန်ဆိုသူ အမျိုးသား တစ်ဦးက ယခု သီတင်းပတ် အစောပိုင်းတွင်
နှစ်နာရီခွဲကြာ အချိန်ယူ၍ ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးမန်းကြီးအား ဖမ်းဆီးရ မိမှုနှင့် ပတ်သက်၍ အတည်ပြုချက်များ ရရှိခဲ့မည်ဆိုပါက မက်ဆာချူးဆက် ပြည်နယ် ကမ်းလွန်တွင် ၂ဝဝ၁ ခုနှစ်က ဖမ်းဆီးရမိခဲ့သော ငါးမန်းကြီး၏ စံချိန်ကို ကျော် လွန် သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ တစ်ဝန်း ဖမ်းဆီးရမိ ခဲ့သော ငါးမန်းများ၏ အလေးချိန်ကို International Game Fish အဖွဲ့အစည်းက မှတ်တမ်းတင် ထားခဲ့ပြီး ၎င်းမှတ်တမ်းများ အရ အလေး ချိန်ပေါင် ၁၃ဝဝရှိသည့် ငါးမန်းများကို ဖမ်းဆီးရမိ ခဲ့သည်ကို တွေ့ရကြောင်း ၎င်းအဖွဲ့မှ စံချိန် စံညွှန်းတိုင်းတာသူ ဂျက်ခ်ဗီ တက်ခ်က ပြောကြားခဲ့သည်။
ယခုအခါတွင် ၎င်းငါးမန်းကြီးကို ရေခဲကန်ထဲတွင် ဆက်လက် ထားရှိလျက်ရှိပြီး သုတေသန ပြုလုပ်ရန်အတွက် National Oceanic and Atmospheric Associationသို့ လှူဒါန်းမည် ဖြစ်သည်ဟု သိရသည်။
မြ၀တီ