လာမည့်
၂၀၄၀ ပြည့်နှစ်အမီ ရန်ကုန်မြို့တော်တွင် မီးရထား လမ်းကြောင်းအသစ် ငါးခု
ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ
စီမံကိန်း'' တွင် အဆိုပြုချက်များအရ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တော်နေ လူဦးရေ၏ သုံးရာခိုင်နှုန်းသာ မီးရထား သယ်ယူပို့ဆောင်ရေးစနစ် အပေါ်အား မှီခိုအသုံးပြုနေရကြောင်း၊ လာမည့် ၂၀၄၀ တွင် ရန်ကုန်မြို့တော်နေ လူဦးရေ၏ ရာခိုင်နှုန်း ၃၀ မှာ မီးရထား သယ်ယူပို့ဆောင်ရေး စနစ်အား မှီခို အသုံးပြုလာမည်ဟု ခန့်မှန်းထားကြောင်း၊ ထို့အတွက်ကြောင့် လက်ရှိ ရန်ကုန်မြို့ပတ် ရထားလမ်းကြောင်းများအား အဆင့်မြှင့်တင်ခြင်းနှင့် မီးရထားလမ်းကြောင်းများအား အသစ်ထပ်မံ တည်ဆောက်ခြင်းများ ပြုလုပ်ရန် ''မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း'' တွင် အဆိုပြုထားခြင်း ဖြစ်သည်။
ရန်ကုန်မြို့ပတ်ရထား စနစ်တွင် လက်ရှိ ရထားလမ်းကြောင်း သုံးခုနှင့် လမ်းခွဲငါးခုရှိပြီး စုစုပေါင်း ၁၄၈ ဒသမ ၃ ကီလိုမီတာ ရှည်လျားပြီး ဘူတာပေါင်း ၈၀ ခန့်ရှိကြောင်း၊ ထပ်မံတိုးချဲ့မည့် ရထားလမ်းကြောင်းသစ် ငါးခု အပါအ၀င် လာမည့် ၂၀၄၀ အရောက်တွင် ရန်ကုန်မြို့တွင် မီးရထားလမ်းကြောင်း ရှစ်ခု ရှိလာမည် ဖြစ်ကြောင်းနှင့် ရထားလမ်းအရှည် စုစုပေါင်းမှာ ကီလိုမီတာ ၃၅၀ ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်၏ အများပြည်သူ သယ်ယူပို့ဆောင်းရေးစနစ်တွင်
အိုဟောင်းနေသော ဘတ်စ်ကားများအား လူဦးရေ ကျပ်တည်းစွာဖြင့် မလုံမခြုံ
စီးနင်းနေရကြောင်း ဘတ်စ်ကား အသုံးပြုသူ ခရီးသည်မှာ မြို့နေလူထု၏ ၈၅
ရာခိုင်နှုန်း ဖြစ်နေသည်။ ထို့အတွက်ကြောင့် ရထားသယ်ယူ ပို့ဆောင်ရေးစနစ်အား
အဆင့်မြှင့်တင်ခြင်းဖြင့် ရထားအပေါ် မှီခိုသူ ရာခိုင်နှုန်း ၃၀
ရှိလာမည်ဆိုလျှင် ဘတ်စ်ကားအသုံးပြုမှု လျော့ကျသွားမည် ဖြစ်သောကြောင့်
ရထားစနစ် တိုးမြှင့်ရန် အဆိုပြုထားခြင်းဖြစ်ပြီး ရထားလမ်းကြောင်း
အသစ်များအပြင် မိုးပျံရထားလမ်းများ၊ LRT ကဲ့သို့ အဆင့်မြင့် မီးရထားလမ်း
တည်ဆောက်ရန် လိုအပ်ကြောင်းလည်း ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး
မဟာဗျူဟာစီမံကိန်း'' ၏ မြို့ပြသယ်ယူပို့ဆောင်ရေး အခြေအနေ ဖော်ပြချက်အရ
သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ဘူတာတစ်ခုတွင် မြို့ပတ်ရထား စောင့်နေသူများကို တွေ့ရစဉ်
EMG
လက်ရှိတွင် ရန်ကုန်မြို့တော်နေ လူဦးရေ၏ သုံးရာခိုင်နှုန်းသာ မီးရထား သယ်ယူပို့ဆောင်ရေးစနစ် အပေါ်အား မှီခိုအသုံးပြုနေရကြောင်း၊ လာမည့် ၂၀၄၀ တွင် ရန်ကုန်မြို့တော်နေ လူဦးရေ၏ ရာခိုင်နှုန်း ၃၀ မှာ မီးရထား သယ်ယူပို့ဆောင်ရေး စနစ်အား မှီခို အသုံးပြုလာမည်ဟု ခန့်မှန်းထားကြောင်း၊ ထို့အတွက်ကြောင့် လက်ရှိ ရန်ကုန်မြို့ပတ် ရထားလမ်းကြောင်းများအား အဆင့်မြှင့်တင်ခြင်းနှင့် မီးရထားလမ်းကြောင်းများအား အသစ်ထပ်မံ တည်ဆောက်ခြင်းများ ပြုလုပ်ရန် ''မဟာရန်ကုန်မြို့ပြဖွံ့ဖြိ