အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

မိုးယုစံ - အချစ်ပါမှပဲ အိမ်ထောင်ရေးက ရေရှည်တည်မြဲမယ်ထင်ပါတယ်

သူများထက်ပိုပြီးတော့ သတိ ထားမိတာမျိုး ခံစားဖူးတယ် မိုးယု မြင်မြင်ချင်း ချစ်တယ် ဆိုတဲ့ ခံစားမှုမျိုး ခံစားဖူးလားဆိုရင် မြင်မြင်ချင်းတော့ စိတ်ထဲမှာ တခြား လူတွေနဲ့ မြင်တာမျိုးမဟုတ်ဘဲ နည်း နည်း စိတ်လှုပ်ရှားတာမျိုးတော့ ခံ စားဖူးပါတယ်။ စစမြင်မြင်ချင်း ချစ် သွားတာမျိုးတော့ မခံစားဖူးပါဘူး။ မြင်မြင်ချင်း တခြားသူတွေနဲ့ မတူ ဘဲ သူ့ကို ပိုပြီးတော့ သတိထားမိ တာမျိုးတော့ ခံစားဖူးတယ်။
ဆယ်ကျော်သက်တုန်းကအချစ် က ထွေထွေထူးထူး မရှိဘူး
ဆယ်ကျော်သက်တုန်းကတော့ အချစ်နဲ့ ပတ်သက်ပြီး ဘာမှသိပ်ပြီး ထွေထွေထူးထူး ခံစားဖူးတာမျိုး မရှိ ဘူး။ အဲဒီတော့ ဘာမှသိပ်ပြောစ ရာမရှိပါဘူး။

အိမ်ထောင်ပြုရင် အချစ်က ရာနှုန်းပြည့် အရမ်းအရေးကြီး တယ်

အိမ်ထောင်ပြုခြင်းနဲ့ အချစ်က ဘယ်လိုအချိုးကျလဲဆိုရင် အချစ် ကတော့ ပိုပြီးတော့ အရေးကြီးဆုံး ပေါ့နော်။ အချစ်ပါမှလည်း အိမ် ထောင်ပြုလို့ရှိရင် အိမ်ထောင်တစ်ခု ပိုပြီးတော့ ခိုင်မြဲမယ်လို့ ထင်တယ်။ အိမ်ထောင်ပြုဖို့ဆိုရင်လည်း အချစ် က ရာနှုန်းပြည့် အရမ်းအရေးကြီး တယ်။ မိုးယုအထင် အိမ်ထောင်ရေး မှာ အချစ်ပါမှလည်း သာယာလှပ တဲ့အိမ်ထောင်တစ်ခု တည်ဆောက် နိုင်မှာလေ။

အချစ်ဆိုတာ မပျော်ရွှင်ရ တာတွေ စိတ်ညစ်စရာတွေရှိတယ်

အချစ်ဆိုတာ အချိန်နဲ့အမျှ တော့ မတူဘူးပေါ့နော်။ တစ်ခါ တလေ မပျော်ရွှင်တာတွေရှိသလို တစ်ခါတလေလည်း စိတ်ညစ်စရာ လေးတွေရှိပါတယ်။ မိုးယုရိုက်တဲ့ ဇာတ်ကားတွေထဲက အချစ်မျိုး တော့ အပြင်မှာ အခုလောလော ဆယ် မတွေ့ဖူးဘူး။ ဇာတ်ကားတွေ ထဲကလို အချစ်မျိုးအပြင်မှာရှိချင် လည်း ရှိမှာပါ။ သိပ်ပြီးတော့မပြော တတ်ဘူး။

အချစ်က အေးချမ်းနေပါ တယ်

လက်ရှိမှာ အေးအေးဆေး ဆေးပါပဲ။ ဘာမှလဲ မရှိတော့ဘူး။ ဘာမှလဲမခံစားရပါဘူး။ အခုချိန် မှာတော့ အချစ်က အေးချမ်းနေပါ တယ်။

ရိုးရိုးသားသား အပြင်ကလူနဲ့ ပဲ အိမ်ထောင်ပြုချင်တယ်

ကောလာဟလနဲ့အတူ တိတ် ဆိတ်နေတာ အချစ်ရေးဆိုတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး အသံမ ထွက်သေးတာ မရှိသေးလို့ပါ။ စဉ်း စားဖို့ လူမရှိသေးပါဘူး။ အိမ်ထောင် ပြုမယ်ဆိုရင် ပြင်ပကလူကို စဉ်းစား မှာလား အနုပညာလောကထဲက လူ ကို စဉ်းစားမှာလားဆိုရင် မိုးယု အနေနဲ့ တစ်သမတ်တည်း ပြောလို့ မရသေးဘူး။ မိုးယု ဖြစ်ချင်တာ အပြင်က ရိုးရိုးသားသားနဲ့ ကြိုးစား တဲ့သူပဲ ဖြစ်ချင်ပါတယ်။


ကလောင် - မိုးထက်ကျော်
8 DAYS A WEEK ENTERTAINMENT

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...