ဆိုင်ဘာတိုက်ခိုက်မှုများသည်
တရုတ်မှ ဖြစ်သည်ဟူသော အမေရိကန်နိုင်ငံဘက်မှ စွပ်စွဲချက်ကို တရုတ်တို့က
၎င်းတို့ ဘက်တွင်လည်း သက် သေများရှိကြောင်း ယခုတစ်ပတ်အတွင်း သမ္မတများ
မတွေ့ဆုံမီ သတိပေးစကားပြောကြားပြီး ပြန်လှန်ပြောကြားလိုက်သည်။
တရုတ်နေ့စဉ်သတင်းစာက အမေရိကန်မှ ဆိုင်ဘာတိုက်ခိုက်မှုများသည်
အမေရိကန်တို့က တရုတ်ဘက်မှ ပြုလုပ်ခဲ့သည် ဟူသော စွပ်စွဲချက် ကဲသို့
သေချာကြောင်းနှင့် ဆိုင်ဘာလုံခြုံရေး ထိပ်ပိုင်းအရာရှိက ဝါရှင်တန်အနေနှင့်
ဆိုင်ဘာ တိုက်ခိုက်မှုများနှင့်စပ်လျ ဉ်း၍ ဘေဂျင်းအား ပွင့် လင်းစွာ ဖိအားမပေးရန် တောင်းဆိုလိုက်သည်။
ယခုသတိပေးမှုသည် သောကြာနေ့တွင် တွေ့ဆုံပွဲပြုလုပ်ကြမည့် သမ္မတများ တွေ့ဆုံပွဲတွင် ဘားရက်အိုဘားမားအား ဖိအားရှိလာဖွယ် ရှိ သည်။
“တကယ်လို့အမေရိကန်ကို စွပ်စွဲချင်ရင် ကျွန်တော်တို့မှာအချက်အလက်ေ တွအများကြီးရှိပါတယ်
ဒါပေမယ့် ပြသနာ ဖြေရှင်းရာမှာ အကူအညီ ဖြစ်မှာမဟုတ်ဘူး” ဟု တရုတ်အမျိုးသား
ကွန်ပျုတာကွန်ယက် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (စီအန်စီအီးအာရ်တီ)မှ ဒါရိုက်တာ
ဟွမ်ချမ်းကင်က တရုတ်နေ့စဉ်သတင်းစာကို ပြောကြားသည်။
“အင်တာနက်လုံခြုံရေးကိစ္စကို
ကိုင်တွယ်ရေးအရေးကြီးမှုဟာ မြင့်တက်မြဲ မြင့်တက်လာနေတယ် ဒါပေမယ့်
အငြင်းပွား ခြင်းနည်းလမ်း မဟုတ် ဘဲ ဆက်သွယ်နည်းလမ်းအားဖြင့်ပဲ ပြဿနာကို
တည်ငြိမ်သွားစေမယ်” ဟု မစ္စတာဟွန်က ပြောကြားကြောင်း သတင်းစာတွင်ပါရှိသည်။
ဘေဂျင်းအစိုးရက တရုတ်နိုင်ငံသည်လည်း ဆိုင်ဘာတိုက်ခိုက်မှုများ၏အဓိကသားကောင်များထဲမှ တစ်ခုဖြစ်ကြောင်းနှင့် အများစုသည် အမေရိကန်မှ ပြုလုပ်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။
၎င်းတုံ့ပြန်ချက်သည် အမေရိကန်က ဆိုင်ဘာတိုက်ခိုက်မှုများကို တရုတ်လုပ်ဆောင်ကြောင်းစွပ်စွဲချက်ကို တုံ့ပြန်ခြင်းဖြစ် ပြီး စေ့စပ်ဆွေးနွေး မှုအတွက် ပိုပြီးဘက်ညီသောပုံစံတည်ဆော က်ရန်ကြိုးပမ်းခြင်းသာဖြစ်သ ည်။
“ကျွန်တော်တို့ဘက်က အမေရိကန်အစိုးရကို ဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ပ တ်သက်လို့ မစွပ်စွဲဖူးသေးတော့ တရုတ်ဟာ ခုချိန်ထိ အားနည်းတဲ့ နေရာမှာရှိတုန်းပဲလို့ ထင်ရတယ်” ဟု ဘေဂျင်းရှိရန်မင်းတက္ကသိုလ်မှ အမေရိကန်လေ့လာရေး စင်တာ ဒါရိုက်တာ ရှီယင်ဟုန်က ပြောကြား သည်။
“ခုထိတော့ တရုတ်အစိုးရက ဆိုင်ဘာတိုက်ခိုက်မှုတွေဟာ အမေရိကန်အစိုးရဘက်က လာတယ်ဆိုတာ သက်သေပြချက် မတင်ရသေးဘူး၊ ဒါကြောင့်ပဲ အမေရိကန်ရဲ့စွပ်စွဲချက်တွေကို မလျှော့ချနိုင်သေးဘူး” ဟု ဆက်လက်ပြောကြားသည်။
စီအီးအာရ်တီသည် အင်တာနက်လုံခြုံရေးမှုခင်းများကို စစ်ဆေးကာကွယ်ရန်ကြိုးပမ်းသည့် အမျိုးသားအဖွဲ့အစည်း ဖြစ်သည်။
မြန်မာ့ခေတ်
တရုတ်နေ့စဉ်သတင်းစာက အမေရိကန်မှ ဆိုင်ဘာတိုက်ခိုက်မှုများသည်
ယခုသတိပေးမှုသည် သောကြာနေ့တွင် တွေ့ဆုံပွဲပြုလုပ်ကြမည့် သမ္မတများ တွေ့ဆုံပွဲတွင် ဘားရက်အိုဘားမားအား ဖိအားရှိလာဖွယ် ရှိ သည်။
“တကယ်လို့အမေရိကန်ကို စွပ်စွဲချင်ရင် ကျွန်တော်တို့မှာအချက်အလက်ေ
“အင်တာနက်လုံခြုံရေးကိစ္စကို
ဘေဂျင်းအစိုးရက တရုတ်နိုင်ငံသည်လည်း ဆိုင်ဘာတိုက်ခိုက်မှုများ၏အဓ
၎င်းတုံ့ပြန်ချက်သည် အမေရိကန်က ဆိုင်ဘာတိုက်ခိုက်မှုများကို
“ကျွန်တော်တို့ဘက်က အမေရိကန်အစိုးရကို ဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ပ
“ခုထိတော့ တရုတ်အစိုးရက ဆိုင်ဘာတိုက်ခိုက်မှုတွေဟာ အမေရိကန်အစိုးရဘက်က လာတယ်ဆိုတာ သက်သေပြချက် မတင်ရသေးဘူး၊ ဒါကြောင့်ပဲ အမေရိကန်ရဲ့စွပ်စွဲချက်တွေက
စီအီးအာရ်တီသည် အင်တာနက်လုံခြုံရေးမှုခင်းမျ
မြန်မာ့ခေတ်