အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

နေရောင်ခြည်အားကိုးတဲ့ မန္တလေးတိုင်းအစိုးရ

မန္တလေးတိုင်း ဒေသကြီးအစိုးရက လျှပ်စစ်မီးကို အသေရရ အရှင်ရရ လိုချင်နေပုံပါပဲ။
 မနှစ်တုန်းဆီက မန္တလေး မြို့ခံတွေ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြခဲ့တာကြောင့် လျှပ်စစ်စွမ်းအင် ပိုမို ရရှိရေးအတွက် နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားဆောင်ရွက်နေတာလို့ ယူဆရပါတယ်။ အခု နောက်ဆုံး သိရတာကတော့ တိုင်းအစိုးရက ဒေသတွင်း လျှပ်စစ်မီးစီမံကိန်းတွေအတွက် အကျိုးတူ ပူးပေါင်း လုပ်ဆောင်မယ့် ဆိုလာ ကုမ္ပဏီတွေကို မြေနေရာ ရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ကြေညာထားတယ် ဆိုတာပါပဲ။

အမေရိကန် ပြည်ထောင်စု ACO (Investment Group)နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီး ဖြစ်တဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းကို ဆောင်ရွက်နေပြီ လို့ သိပါတယ်။

လောလောဆယ်တော့ ကျောက်ဆည်ခရိုင် သီးပင်ကျေးရွာမှာ ဆိုလာစနစ်နဲ့ မီးလင်းစေဖို့အတွက် ဆိုလာပြားတွေ ချပေးထားပါတယ် တဲ့။ ချပေးထားတာတွေကတော့ အိမ်ထောင်စုပေါင်း ၁၇၀ ကျော်အတွက် တန်ဖိုးငွေကျပ် ၃သိန်းနီးပါး ရှိ ဆိုလာပြား နဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ LED မီးလုံး၊ ဘက်ထရီအိုး၊ ကြိုး၊ ကွန်ထိုလာ (မီးဖြတ်စက်)တွေ ဖြစ်ပါတယ်။

ကျေးရွာအများအပြားကတော့ သူတို့ဆီ လျှပ်စစ်မီးကြိုး သွယ်တန်း မရောက်ရှိနိုင်သေးခင်တော့ ဆိုလာစနစ်ကို အားကိုး နေရသေးတယ်လို့ ကြားသိရပါတယ်။ မဂါဝပ် ၇၈၀ ထွက်တဲ့ ရဲရွာရေအားလျှပ်စစ်စီမံကိန်းက တရုတ်နဲ့ နှစ် ၃၀ စာ စာချုပ် ချုပ်ထားတာကြောင့် ရဲရွာလျှပ်စစ်က ဒေသခံတွေအတွက် မဟုတ်သေးပါဘူး၊ တရုတ်ပြည်ကိုပဲ အများဆုံး အိတ်စပို့ လုပ်နေပါတယ် တဲ့။

အခုတော့ တိုင်းအစိုးရက လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖို့ နေရောင်ခြည်ကို အားကိုးနေပါပြီ။ မန္တလေးပြည်သူအများ ကတော့ တိုင်းအစိုးရအဖွဲ့ ဘယ်လိုနည်းနဲ့ပဲ လျှပ်စစ်ကို ရအောင်လုပ်လုပ် စောင့်မျှော်ကြိုဆိုနေ တယ်လို့ သိရပါတယ်။

ဧရာဝတီblog

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...