အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

ကျောက်မျက် ပြပွဲတွင် ငွေလဲကောင်တာနှင့် ATM စက်များထားမည်

နေပြည်တော်တွင် ပြုလုပ်မည့် အကြိမ်(၅၀) မြောက် ရွှေ ရတု မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပုဂ္ဂလိက ဘဏ်များက ငွေလဲကောင်တာနှင့် ATM (အလိုအလျောက် ငွေထုတ် စက်)များ ပထမဆုံးအကြိမ် ထားရှိမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်များ ထံမှ စုံစမ်းသိရှိရသည်။
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်၊ ကမ္ဘောဇ ဘဏ်၊ သမဝါယမ ဘဏ်တို့က ကျောက်မျက် ပြပွဲနေရာ တွင် ATM စက်တစ်လုံးစီ ထားရှိမည် ဖြစ်ပြီး အဆိုပါစက်များတွင် နိုင်ငံတကာ ငွေပေးချေသည့် ကတ် များဖြစ်သည့် VISA, Master, JCB, CPU, MPU ကတ်များ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်း ဘဏ်တို့ထံမှ သိရသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် သမဝါယမ ဘဏ် တို့က မြန်မာ့ ကျောက်မျက် ရတနာပြပွဲ နေရာတွင် ငွေလဲကောင်တာ တစ်ခုစီ ဖွင့်လှစ်မည် ဖြစ်ပြီး အာရှစိမ်းလန်းမှုဖွံ့ ဖြိုးရေး ဘဏ်က ထပ်မံ၍ နေပြည်တော် လေဆိပ်နှင့် Aurium Hotel တို့တွင် လည်း ငွေလဲကောင်တာများ ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းဘဏ် တို့ထံမှ ထပ်မံ သိရသည်။

“အရင်ကထက် ငွေပေးချေမှု အပိုင်းတွေမှာ လွယ်ကူ စိတ်ချရအောင် နိုင်ငံခြားက ဘဏ်တွေနဲ့ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ တိုက်ရိုက် ပေးချေနိုင်အောင် စီစဉ်ထားပါ တယ်”ဟု မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး (၃) ဦးထွန်းလှအောင်က The Voice သို့ ပြောကြားသည်။

ကျောက်မျက် ကုမ္ပဏီများကလည်း VISA နှင့် Master ကတ်များဖြင့် ငွေပေးချေ နိုင်သည့် POS စက်(ငွေထုတ်ယူရန် မလိုဘဲ ကတ်မှ ငွေကိုနုတ်ယူ ပေးချေနိုင်သည့်စက်)များ ထားရှိထား သောကြောင့် ငွေပေးချေမှု များတွင် လွယ်ကူ လျင်မြန်စွာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သမဝါယမ ဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြော ကြားသည်။

ယခင် ပြပွဲများတွင် ကျောက်မျက်ပြပွဲ ကာလများ၌ ဝယ်ယူထားသည့် ကျောက်မျက်များကို လာရောက် ငွေမသွင်း သည့် ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ငွေပေးချေသည့် စနစ်များ ပိုမိုကောင်းမွန် လာစေရန် ယခုကဲ့သို့ စီစဉ်ခြင်း ဖြစ်ပြီး ပြပွဲ စည်းကမ်းများမှာ ပြောင်းလဲမှု မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၇ ရက်အထိ ပြသ ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...