အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

ရွှေတိဂုံစေတီတော် သစ်သားဆင်းတုများတွင် ကျောက်မျက်အတုလဲထည့်ခံရ

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် ထီးတော်စေတီတွင် သစ်သားဆင်းတုတော်များရှိ ကျောက်မျက်ရတနာအချို့ ဖန်စီကျောက်မျက်အတုများဖြင့် အလဲခံထားရကြောင်း ဇွန် ၁ ရက် နံနက်ပိုင်းတွင် ယင်းစေတီတွင် တာဝန်ကျသူထံမှ သိရသည်။ရွှေတိဂုံစေတီတော်ရင်ပြင်၊  အရှေ့မြောက်ထောင့်တွင်တည်ထားသော ယင်းစေတီတော်အတွင်းတွင် သစ်သားဆင်းတုတော်လေးဆူရှိပြီး မျက်နှာတော်နှင့်လည်ပင်းတော်များတွင် ကျောက်မျက်ရတနာများစီ၍
လှူဒါန်းထားသည်ကိုလည်းတွေ့ရသည်။ ယင်းစေတီတော်တွင် တာဝန်ကျသူတစ်ဦးက ““ဒီနေ့ ဇွန် ၁ ရက်နေ့ ဆိုတော့ ဂျူတီချိန်း(တာဝန်တွေပြောင်းလဲထမ်းဆောင်ရ)တယ်။ ကျွန်တော်က ဒီထီးတော်စေတီရယ်၊ အနီးအနားကစေတီတွေကို လုံခြုံရေးတာဝန်ကျတယ်။  လိုက်စစ်ဆေးကြည့်တော့ သစ်သားဆင်းတုတော် တွေရဲ့နဖူးတော်မှာ ရွှေနဲ့လုပ်ထားတဲ့ သင်းကျစ်တော်တွေမရှိဘူး။ တချို့  ကျောက်စိမ်း၊ ပတ္တမြားကျောက် အစစ်တွေကို ဖန်စီကျောက်အတုတွေနဲ့ လဲထားတာကို တွေ့ရတယ်”” ဟု ပြောသည်။

 ရွှေတိဂုံစေတီတော်တွင် ခရစ်နှစ် ၁၉၉၉ခုနှစ် ဧပြီလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နေ့များတွင် ရွှေထီးတော်သစ်တင်လှူခဲ့ပြီး ခရစ်နှစ် ၁၈၇၁ တွင် မင်းတုန်းမင်းတရားကြီး တင်လှူပူဇော်ခဲ့သော ထီးတော်ကြီးကို အများပြည်သူတို့ ဖူးမြော်ကြည်ညိုနိုင်ကြစေရန် ထီးတော်စေတီကြီးအတွင်း၌ ထည့်သွင်း ပြသပူဇော်ထားရှိကြောင်း၊ ယင်းထီးတော်စေတီကို ၁၉၉၉ ခုနှစ် ဧပြီ ၁၉ ရက်နေ့တွင် ဦးစီးကော်မတီ နာယကကြီး အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင် အုတ်မြစ်တော်စီ၍ ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ် ဆန်းဆင့်(ယခု သာသနာရေးဝန်ကြီး)ဦးဆောင်သော လုပ်ငန်းကော်မတီနှင့် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြီးကြပ်လျက် တည်ဆောက်ခဲ့ရာ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အောင်မြင်စွာပြီးစီး၍ ရွှေထီးတော်တင်လှူခြင်းနှင့်အတူ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း ကမ္ပည်းမော်ကွန်းတွင် ဖော်ပြထားသည်။

by Myanmartandawsint Newspaper

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...