အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

ရာဇ၀တ်မှု ထူပြောနေတဲ့ ရန်ကုန်မြို့

ရန်မကုန်တဲ့ ရန်ကုန်မြို့ကြီးမှာ ရာဇ၀တ်မှုတွေ ထူပြောနေတယ်ဆိုတာ မူခင်းသတင်းတွေက အတည်ပြုနေ ပါတယ်။ ၂၀၁၃ ခုနှ် ဇန်န၀ါရီလက မေလ အထိ လူသတ်မှု ၅၆ မှု၊ မုဒိမ်းမှု ၆၁ မှု၊ ခိုးမှု ၄၁၀ ဖြစ်ပွားခဲ့တယ်လို့ ယနေ့ ထုတ် ကြေးမုံသတင်းစာရဲ မူခင်း သတင်းကဏ္ဍမှာ ဖော်ပြထားပါတယ်။
သတင်းအဆိုအရ ခိုးမှု ၄၁၀ မှာ ၁၅၆ မှုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးကို ကိုးကား ဖော်ပြ ထားပါတယ်။
လူသတ်မှုဖြစ်စေတဲ့ အကြောင်းတွေကို ဖော်ပြထားရာမှာတော့ စိတ်ဝေဒနာ၊ အလိုရမ္မက်ကြီးမှု၊ မိန်းမကိစ္စ၊ သည်းခံနိုင်မှု မရှိတာ၊ ရန်ငြှိုး ရန်စတွေကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ခြင်းတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

မုဒိမ်းမှု ၆၁ မှုမှာ အရွယ်မရောက်သေးသူအမျိုးသမီးငယ်ကို ကျူးလွန်မှု ၂၉ မှု ဖြစ်ပွားခဲ့ပြီး အသက် ၁၀ နှစ်အောက် မိန်းကလေးကျူးလွန်ခံရမှု ၇ မှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

မုဒိမ်းမှုတေါမှာ အရွယ်ရောက်သူရော၊ အရွယ်မရောက်သူတွေရောအပေါ် ကျူးလွန်ကြတာ ဖြစ်ပြီး ထူးခြား ချက်အနေနဲ့ ဖခင်က သမီးအရင်းကို ကျူးလွန်တာနဲ့ ပထွေးက မယားပါ သမီးကို ကျူးလွန်မှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မုဒိမ်းမှုတွေ အဓိက ဖြစ်ရတဲ့ အကြောင်းတွေကိုကတော့ အရက်သေစာ၊ ကာမ ရမ္မက်ကြီးမှု၊ ရာဂကို အသားပေးဖော်ပြတဲ့ ဆင်ဆာမဲ့ တရားမ၀င် ပြည်ပ ရုပ်ရှင်တွေ၊ မူးရစ်ထုံထိုင်းဆေးဝါးတွေကြောင့် ဖြစ်ပွား ခဲ့တာလို့လည်း သတင်းစာက ဖော်ပြထားပါတယ်။

ဧရာဝတီblog

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...