အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

ဂျက်စတင် ဘီဘာ အာကာသသို့ အလည်အပတ်ခရီး သွားရောက်မည်

ပေါ့ပ်စတား ဘီဘာနှင့် ၎င်း၏အေးဂျင့် စကူတာ ဘရာအန်တို့က အာကာသခရီးစဉ်အတွက် စာရင်းသွင်းထားကြောင်း အာကာသခရီးသွား ဝန်ဆောင်မှုလုပ်ငန်း Virgin ၏ ပိုင်ရှင် ဆာရစ်ချတ်ဒ် ဘရာဆွန်က Twitter တွင် ရေးသားဖော်ပြ . . . . . . .
 ပေါ့ပ်အဆိုတော် ဂျက်စတင် ဘီဘာသည် အာကာသသို့ အလည်အပတ်ခရီး သွားရောက်ဖြစ်သည်။ ပေါ့ပ်စတား ဘီဘာနှင့် ၎င်း၏အေးဂျင့် စကူတာ ဘရာအန်တို့က အာကာသခရီးစဉ်အတွက် စာရင်းသွင်းထားကြောင်း အာကာသခရီးသွား ဝန်ဆောင်မှုလုပ်ငန်း Virgin ၏ ပိုင်ရှင် ဆာရစ်ချတ်ဒ် ဘရာဆွန်က Twitter တွင် ရေးသားဖော်ပြသည်။

ဂျက်စတင် ဘီဘာနှင့် စကူတာတို့မှာ Virgin ၏ အနာဂတ် အာကာသ ခရီးသွားဧည့်သည်များ ဖြစ်လာမည်ကို ကြားသိရသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ ၎င်းတို့နှစ်ဦးအတွက် ဂုဏ်ယူပါကြောင်း ဘရာဆွန်က ၎င်း၏ Twitter မှတစ်ဆင့် ပြောကြားသည်။ Virgin ၏ Virgin Galatic အာကာခရီးသွားယာဉ်ဖြင့် လိုက်ပါရန်အတွက် တစ်ဦးလျှင် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ နှစ်သိန်း ကျသင့်မည်ဖြစ်သည်။

(ဂျက်စတင် ဘီဘာနှင့် ၎င်း၏အေးဂျင့် စကူတာ)
Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...