မိမိကိုယ်ကိုယ် အဆုံး စီရင်ရန် အားထုတ်မှု ကြောင့် မိုက်ကယ်ဂျက်ဆင်၏
သမီးဖြစ်သူအား ဆေးရုံ တင်ပို့ထား ရကြောင်း သိရှိရသည်။ အသက်(၁၅)နှစ်ရှိ
ပဲရစ်သည် လော့စ်အန်ဂျလိစ်ရှိ ဆေးရုံတစ်ခုတွင် တက်ရောက် ကုသမှု ခံယူနေရသည်။
ဒေသဆိုင်ရာ ကယ်ဆယ်ရေး တပ်ဖွဲ့များက မိမိတို့သည် သတင်းပေးပို့မှု
တစ်ခုကြောင့် လူတစ်ယောက်ကို ဒေသတွင်း ကုသရေး စင်တာတစ်ခုထံ အရေးပေါ်
ပို့ဆောင်ခဲ့ရကြောင်း ပြောကြားသွားသည်။ မျက်မြင်အချို့က ကယ်လီဖိုးနီးယားရှိ
ကာလာဘာဆက်တွင်
တည်ရှိသော ဂျက်ဆင်၏ နေအိမ်မှ ထမ်းစင်ဖြင့် ပဲရစ်ကို
ထုတ်ယူကာ ဆေးရုံကား တစ်စင်းပေါ် တင်ခေါ်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း
ဆိုသည်။
ပဲရစ်သည် သူမ၏ လက်ကောက်ကို ဓားဖြင့် ဖြတ်ပြီးနောက် သေကြာင်း ကြံစည်မှု
အရေးပေါ် ဌာနသို့ ဖုန်းဆက် အကြောင်းကြား ခဲ့သည်ဟု ဗြိတိန် Daily Mail သတင်းတွင်
ဖော်ပြ
Sky၏ အမေရိကန် သတင်းဌာနခွဲမှ ကိုယ်စားလှယ် ဂရာ့ဂ်မီလမ်က "သေကြောင်းကြံဖို့
အားထုတ်မှုဆိုတဲ့ စကားလုံးဟာ ပဲရစ်ရဲ့မိခင် ဒက်ဘီရိုဝီ စပြောခဲ့တာပါ။
တချို့သတင်းတွေရဲ့ အဆိုအရတော့ ပဲရစ်ဟာ ဆေးရုံမှာ အဆင်ပြေနေပြီလို့
သိရပါတယ်။ ဒီအချိန်တွေက သူ့အတွက် သိပ်ခက်ခဲပါတယ်။ သူ့အဖေ သေဆုံးမှုအတွက်
ပြန်စီစစ်နေတဲ့ တရားခွင်မှာ သက်သေအဖြစ် ထွက်ဆိုရတာတွေက အသေးစိတ်
ဆန်လွန်းတယ်လေ"ဟု ပြောကြားခဲ့သည်။ ပဲရစ်သည် သူမ၏ လက်ကောက်ကို
ဓားဖြင့်ဖြတ်ပြီးနောက် သေကြာင်းကြံစည်မှု အရေးပေါ်ဌာနသို့
ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု ဗြိတိန် Daily Mail သတင်းတွင် ဖော်ပြသည်။
Planet Myanmar Network
Planet Myanmar Network